Connect with us

Hi, what are you looking for?

သတင်း

PDF ရဲဘော်တွေ သတ်ဖြတ်ခဲ့တဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းကို ဆိပ်ဖြူနယ်မှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေ

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ PDF ရဲဘော်တွေကို သတ်ဖြတ်ခဲ့တဲ့ စစ်တပ်ရဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းကို ဒီကနေ့ ဇူလိုင် ၁၅ရက်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ ဒေသခံစစ် ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

(ချောက်မြို့နယ်တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တွေရဲ့ လက်နက်တွေကို စစ်တပ်က သိမ်းရထားစဉ်။ ဓာတ်ပုံ − စစ်ကောင်စီ)

ဇူလိုင်-၁၅၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ PDF ရဲဘော်တွေကို သတ်ဖြတ်ခဲ့တဲ့ စစ်တပ်ရဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းကို ဒီကနေ့ ဇူလိုင် ၁၅ရက်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ ဒေသခံစစ် ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ရဲကွန်မန်ဒိုစစ်ကြောင်းက စစ်ကား ၂စီးနဲ့ ချောက်မြို့နယ်ကတဆင့် ဆိပ်ဖြူ-ဆောလမ်းအတိုင်း နယ်မြေခံတပ်တွေနဲ့အတူ ဆိပ်ဖြူမြို့နယ်အတွင်း ၀င်လာချိန်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဆိပ်ဖြူအခြေစိုက်နယ်မြေခံတပ်တွေနဲ့ ပါလာပြီး ဆိပ်ဖြူ-ဆောလမ်းဘေးတလျှောက် စစ်ကြောင်းထိုးလာတာ။ဂျုပ်ချောင်ကြီး၊ဂျုပ်ချောင်လေး ရွာတွေကို ရဲကွန်မန်ဒို အင်အား ၅၀ ၀န်းကျင်နဲ့ စ၀င်နေပြီ”လို့ ဆိပ်ဖြူမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီရဲကွန်မန်ဒိုစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေကို စုံစမ်းဆဲလို့ ဆိပ်ဖြူအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

“ကပစ (၂၁)ကို ဦးတည်တယ်လို့ သိရတယ်။နောက်တခုက လောလောဆယ် စကစက တိုက်ခိုက်ရေးတပ်တွေကို တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေဆီပို့နေရချိန် ရဲကွန်မန်ဒိုတွေကို ထုတ်သုံးလာတယ်”လို့ သူက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံအလယ်ပိုင်းက မကွေးတိုင်းကို ရဲကွန်မန်ဒိုတွေ အသုံးပြုပြီး စစ်ရေးလှုပ်ရှားမယ့်အကြောင်းသိထားရတယ်လို့ မကွေးတိုင်းစစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

အခုဇူလိုင် ၁၀ ရက်က ချောက်မြို့နယ်၊တောင်သာကျေးရွာမှာ စစ်တပ်နဲ့ ရဲကွန်မန်ဒိုတပ်ဖွဲ့တွေလိုက်ပါလာတဲ့ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ရင်း မကွေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၀င်တွေနဲ့ ခရိုင်တပ်ရင်း ၂ခုက ရဲဘော်စုစုပေါင်း ၂၀ ဦးကျဆုံးခဲ့ပါတယ်။

အဲဒီရဲကွန်မန်ဒိုစစ်ကြောင်း ၀င်လာတဲ့ ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းရုံး ကပစ (၂၁၊ ၂၂) နဲ့ အမှတ်(၉)လေကြောင်းရန်ကာ ကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(လစခ) တို့ရှိပါတယ်။

အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁)က လေတပ်သုံးဗုံးတွေထုတ်ပြီး အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ−၂၂ )က လက်နက်တွေ ထုတ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းမြို့‌ ၀က်သည်းကန်အနီးက စစ်တပ် စစ်‌ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေစိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီးကျေးရွာတွေကို စစ်ကြောင်းထိုဖို့ပြင်ဆင်​နေတဲ့အတွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်တပ် စစ်ကြောင်း၀င်ရောက်ပြီး ကျေးရွာတွေ မီးရှို့ကာ ‌ဒေသခံ ပြည်သူ ၃၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။