Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၄)နယ်မြေကို စစ်တပ် လေကြောင်း တိုက်ခိုက်လို့ ပြည်သူ ၁ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

(စစ်တပ် လေကြောင်းတိုက်ခိုက်လို့ နေအိမ် ၁အိမ်က ဖုန်း ၁လုံးထိမှန်ကွဲသွားတာကို တွေ့ရစဉ်။ ဓာတ်ပုံ - KHRG)

ဇူလိုင်-၂၀၊၂၀၂၆။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဇူလိုင် ၂၀ရက် မွန်းလွဲ ၃နာရီကျော်အချိန်မှာ စစ်တပ်က ဘုတ်ပြင်းမြို့နယ် လေညာကျေးရွာအတွင်းက ကျေးရွာ ၁ရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်ခဲ့ရာ ဗုံးသီး ၂လုံး ကြဲချခဲ့တဲ့အပြင် စက်သေနတ်တွေနဲ့လည်း ပစ်ခတ်ခဲ့ကြောင်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဒေသမှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တာလို့ KHRGက ဖော်ပြထားပြီး တိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၁ဦး ဒဏ်ရာရာက ကွမ်းခြံတစ်ခြံ၊ စျေးဆိုင်၂ဆိုင်နဲ့စာသင်ကျောင်းအဆောက်အအုံ ၂ခု၊ ဖုန်းတလုံး ပျက်စီးခဲ့တယ်လို့ အသိပေးပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ ဒေသခံရွာသားတွေ ထိတ်လန့်ကြောက်ရွံ့နေကြပြီး ထပ်မံ တိုက်ခိုက်ခံရမှာကို စိုးရိမ်နေကြတယ်လို့ KHRGက ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ ဇူလိုင် ၁၇ရက်ကလည်း KNU တပ်မဟာ(၄)နယ်မြေ တနင်္သာရီမြို့နယ် ကွင်းသစ်ရွာကို အသေခံ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ကွင်းသစ်ရွာ စာသင်ကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောင်းပျက်စီးမှုရှိခဲ့ပါတယ်။အဲဒီတုန်းကလည်း ဒေသတွင်းတိုက်ပွဲမရှိဘဲ အခုလို အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာလို့ KNUက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ KNU အုပ်ချုပ်နယ်မြေအတွင်း ကျေးရွာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း။ လက်နက်ကြီး ဒရုန်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ