Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

ဇူလိုင်-၂၀၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

အရာတော်မြို့နယ် ကျေးရွာတစ်ရွာမှာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဗကသများအဖွဲ့ချုပ်ဝင် ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂနဲ့ ဒေသခံပြည်သူတို့ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။

တော်လှန်ပြည်သူတွေက “တောင်တန်းမြေပြန့် ညီညွတ်ကြ၊ အာဇာနည်ဟာ (၉)ဦးမက” စာသားပါ ဘန်နာအား ကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော် ပြသခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ယင်းမာပင်မြောက်ခြမ်း လူထုသပိတ်စစ်ကြောင်းက ဦးဆောင်ကာ ဒေသခံပြည်သူတွေနဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်​ကြောင်း ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြပြည်သူတွေ “ယင်းမာပင်မြောက်ခြမ်း လူထုသပိတ်” စာသားကိုင်ဆောင်ပြီး “စစ်အာဏာရှင် အပါအဝင် အာဏာရှင်စနစ်မှန်သမျှကျဆုံးရေး” ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဓာတ်ပုံ – ဗကသများအဖွဲ့ချုပ်၊ ယင်းမာပင်မြောက်ခြမ်းလူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ရေဘေးသင့် ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်လို့ ရေဘေးသင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ကံရင်းရွာ စစ်တပ်က ဂျိုင်ရို ကော်ပတာ ၃ စီးနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ကိုယ်ဝန်​ဆောင်အမျိုးသမီးနဲ့ဗိုက်ထဲ သမီးငယ် အပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

Facebook