Connect with us

Hi, what are you looking for?

သတင်း

နမ့်ဖက်ကာမှာ KIOက တရားဥပဒေရုံး ဖွင့်လှစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာမှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)က တရားဥပဒေရုံး စတင်ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာမှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)က တရားဥပဒေရုံး စတင်ဖွင့်လှစ်ခဲ့စဉ်။ ဓာတ်ပုံ - The Kachin Net

ဇူလိုင် ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာမှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)က တရားဥပဒေရုံး စတင်ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

ဇူလိုင် ၂၄ မနက် ၁၀နာရီမှာ တရားရုံးဖွင့်ပွဲလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“KIA ဘက်က တိုက်ခိုက်သိမ်းယူထားတဲ့ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ စစ်ရေးအရ နိုင်ငံရေးအရ အရေးပါတဲ့ နမ့်ဖက်ကာမှာ အခုလို KIO အစိုးရဘက်က တရားဥပဒေ ရုံးဖွင့်လှစ်တာကို ဒေသခံ ပြည်သူလူထုအားလုံးကလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေကြပါတယ်။တရားရုံးက ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာ စံပြအနေနဲ့ ဆောင်ရွက်ပေးနိုင်မယ့် တရားရုံးဖြစ်ဖို့လည်း မျှော်လင့်ပါတယ်။ဒီလိုဖြစ်မှလည်း ပြည်သူလူထုရဲ့ ယုံကြည်မှုကို ပိုပြီးတော့ ရရှိမှာ ဖြစ်ပါတယ်” ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တရားရုံးတာဝန်ရှိသူတွေအနေနဲ့ စစ်ဘက်ဆိုင်ရာဖြစ်စေ၊ အရပ်ဘက်ဆိုင်ရာဖြစ်စေ ဥပဒေအထက် ဘယ်သူမှ မရှိဘူးဆိုတာကို လက်တွေ့အကောင်အထည်ဖော်ပြနိုင်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

နမ့်ဖက်ကာ တရားဥပဒေရုံးဖွင့်ပွဲကို ဒေသခံပြည်သူလူထု၊ ဘာသာရေးခေါင်းဆောင်တွေအပြင် KIA ရဲ့ မဟာမိတ် အာရက္ခတပ်တော်(AA) တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့လည်း ဒေသခံက ပြောပါတယ်။

KIAဟာ နမ့်ဖက်ကာ အခြေစိုက် စစ်တပ်ကို ၂၀၂၄ ဇန်နဝါရီမှာ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ပြီး ဒေသတွင်း အုပ်ချုပ်ရေးကို ကိုင်တွယ်ဆောင်ရွက်ထားတာဖြစ်ပါတယ်။ တဖက်မှာလည်း ကွတ်ခိုင်မြို့ကို ညီနောင်သုံးဖွဲ့ထဲက တအာင်းတပ်မတော်(TNLA)က သိမ်းပိုက်ခဲ့ပေမဲ့ TNLAနဲ့ ကိုးကန့်တပ် မဟာမိတ်အချင်းချင်း အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာ ဖြစ်ပွားခဲ့ရာ အခု ၂၀၂၆ နှစ်ဆန်းပိုင်းမှာ MNDAAက ကွတ်ခိုင်မြို့ကို စစ်ရေးအရ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖိအားပေးတာတရားဝင်ပြောတာမရှိ၊ လတ်တလောအပြောင်းအလဲမရှိဂိတ်တွေဆက်ထိုင်ထားဟု KIA ပြော

သတင်း

MNDAA နှင့် စစ်ကောင်စီ လားရှိုးမြို့၌ သြဂုတ် ၁၄ ရက်​နေ့တွေ့ဆုံဆွေးနွေးမှု အဆင်မပြေဖြစ်ပြီးနောက်ရှမ်းပြည်နယ်မြောက်ပိုင်းအား လေကြောင်းတိုက်ခိုက်နိုင်သည့်သတင်းများ ထွက်ပေါ်နေပြီး ကွတ်ခိုင်၊ နမ့်ဖက်ကာမြို့တို့တွင် စာသင်ကျောင်းများ ပိတ်လိုက်ပြီး ကျောင်းသားများကို ပြန်လွှတ်နေကြောင်း​ဒေသခံအချို့က​ပြောသည်။