Connect with us

Hi, what are you looking for?

သတင်း

သိုးခြံဘူတာအနီးက ဆိုင်ခန်းပေါင်း ၃၀ ဖယ်ပေးဖို့ စစ်အုပ်စု စာထုတ်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။

(သိုးခြံဘူတာရှေ့က ဆိုင်ခန်းများအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)

သြဂုတ် ၃၊ ၂၀၂၆ မေရီ/People’s Spring

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။

လူသွားလူလာများပြီး အချက်အချာကျတဲ့ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာနယ်မြေ၊ မြဝတီမင်းကြီးလမ်းပေါ်မှာရှိတဲ့ မြေငှားဆိုင်ခန်းနဲ့ လုပ်ငန်း ၁၈ ခု၊ ၆၂ လမ်းပေါ်က မြေငှား ဆိုင်ခန်းနဲ့လုပ်ငန်း ၁၂ ခု၊ စုစုပေါင်း ၃ဝ ခုကို ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကစပြီး လုပ်ငန်းပိတ်သိမ်းစေခဲ့တယ်လို့ မြန်မာ့မီးရထား တိုင်းအမှတ်(၃)ရဲ့ စာမှာ ဖော်ပြပါတယ်။

အဲဒီနေရာတွေကို မြေနေရာဆက်လက်ငှားရမ်းခွင့်မပြုတော့တာကြောင့် မိမိတို့အစီအစဥ်နဲ့ အမြန်ဆုံးဖယ်ရှားပေးကြဖို့နဲ့ ဖယ်မပေးဘူးဆိုရင် ဖယ်ရှားရှင်းလင်းသွားမယ်လို့ ဇူလိုင် ၂၄ ရက်နေ့စွဲနဲ့ ခြိမ်းခြောက်ထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနေရာတွေဟာ ယခင်စစ်တပ်အစဥ်အဆက်အုပ်ချုပ်စဥ်က ဆိုင်ခန်းဆောက် ရောင်းစားခဲ့ကြတဲ့နေရာတွေဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ “အရင်က စည်ပင်တွေလုပ်စားထားကြတဲ့ နေရာတွေ ဖယ်ရတာ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါဆိုင်ခန်းတွေဟာ မိုဘိုင်းဖုန်းဆိုင်အပါအဝင် လုပ်ငန်းကြီးတွေ အများအပြား ပါဝင်နေတာကြောင့် ယခုလို ဖယ်ပေးရမယ့်အပေါ် အခက်အခဲတွေရှိနေကြတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဌာနအသီးသီးရဲ့ရုံးတွ ဆောက်လုပ်ရောင်းချထားတဲ့ ဆိုင်ခန်းတွေကို ဆက်တိုက်ဖယ်ရှားနေတာဖြစ်ပါတယ်။ မန္တလေးမြို့မှာဆိုရင် ရဲစခန်းတိုက်တန်း၊ ဗထူးကွင်းတိုက်တန်း၊ မဟာအောင်မြေ အားကစားကွင်းတိုက်တန်း၊ ဆောက်လုပ်ရေးရုံးတိုက်တန်း၊ မြို့နယ်ပညာရေးရုံးတွေက တိုက်တန်းတွေနဲ့ အခြားဌာနဆိုင်ရာကရောင်းချထားတဲ့တို​က်တန်းတွေ ဖယ်ရှားခံနေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။