Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူမှာတိုက်ပွဲဧရိယာ ပိုကျယ်လာ၊ နေရာသုံးခုထက်မနည်းမှာတိုက်ပွဲပြင်းနေ

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဩဂုတ်-၃၊၂၀၂၆။ခိုင်မြတ်/People’s Spring

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီး စစ်တပ်ဘက်က လူနေ ရပ်ကွက်တွေထဲ ဗုံးကြဲတာတွေ ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

တောင်မော်ဦးရေတပ်စခန်းရဲ့ နောက်ဆုံးကာကင်းဖြစ်တဲ့ အ၀တောင်ရွာအနီး ၊ ဓည၀တီရေတပ်စခန်းနဲ့ ကျောက်ဖြူ မြို့ထဲသွားရာ လမ်းဆုံ အမှတ်(၃၂)ရဲတပ်ရင်းအနီးဝန်းကျင်နဲ့ စစ်တပ်ပြန်သိမ်းထားတဲ့ မင်းပြင်၊ သိုင်းချောင်းကျေး ရွာအနီးဝန်းကျင်တို့မှာ တိုက်ပွဲ​တွေဖြစ်နေကြတာပါ။

Public Service Announcement

Public Service Announcement

“တိုက်ပွဲတွေပြင်းလာတယ်လို့ပြောလို့ရတယ်။ စစ်တပ်ဘက်က လှုပ်ရှားမှုတွေစရှိလာလို့ ဖြစ်တာ။ သိုင်းချောင်း၊ အ၀တောင်၊ ပြိုင်းစေ့ကေနားတွေမှာ ရှိတယ်တိုက်ပွဲတွေ။ သိုင်းချောင်းဘက်မှာဆိုရင်မနေ့ကလည်း တိုက်ပွဲဖြစ်ကြ တယ်။ အလောင်းတွေရတယ်” လို့ မြေပြင်မှာရှိနေတဲ့ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်းက နေရာအများစုကိုလက်လွှတ်ထားရတဲ့အာဏာသိမ်းစစ်တပ်ဟာ သိုင်းချောင်းရွာအ နီး စခန်းနေရာကနေ အရှေ့ဘက်ကို စစ်ကြောင်းထိုးတာကြောင့် AA က ကြားဖြတ်တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲ သုံးရက်တာအတွင်း အလောင်းတဆယ်ကျော်ရခဲ့တယ်လို့ သိရပါတယ်။

ကျောက်ဖြူနဲ့ ဓည၀တီရေတပ်စခန်းဆီသွားရာလမ်း ​ပေါ်က မင်းတက်တောင်လမ်းဆုံအနီးဝန်းကျင်တွေကိုလက်လွှတ်ခဲ့ရပြီးကုန်းလမ်းဆက်သွယ်ရေးပြတ်တောက်ခဲ့တဲ့ စစ်တပ်ဟာ၂၀၂၅ ခုနှစ်မှာအင်အားအလုံးအရင်းနဲ့ တန်ပြန် ထိုးစစ်ဆင်ကာ သိုင်းချောင်း၊ မင်းပြင်အနီးဝန်းကျင်တွေကို ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။အဲဒီနေရာတွေထဲကအချို့ကို AA ကထိုးစစ်ဆင်ခဲ့ပြီး ​နောက်တိုက်ပွဲတွေ ရပ်နေခဲ့ရာကနေ အခုရက်ပိုင်းအတွင်း AA ကထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်​နေတယ်လို့စစ်​​ရေးရင်းမြစ်အချို့က​ပြောပါတယ်။

ဒါ့အပြင် တရုတ်ရဲ့ကုန်းတွင်းပိုင်းဓါတ်ငွေ့သိုလှောင်စက်ရုံ(OGT)ရှိရာ လိပ်ခမော်ရွာအနီးဝန်းကျင်၊ အမှတ်(၃၂) ရဲ တပ်ရင်းအနီးဝန်းကျင်တို့မှာလည်း တုက်ပွဲအချို့ရှိ​နေပါတယ်။ စစ်တပ်ဘက်ကလည်း ဒရုန်းနဲ့ လက်နက်ကြီး ​တွေနဲ့ပစ်ခတ်နေတယ်လို့ သိရပါတယ်။

“ပြိုင်းစေ့ကေနား တိုက်ပွဲကတော့ နေ့တိုင်းမဖြစ်ဘူး။ မြို့ထဲတပ်ရင်းတွေကနေ သိုင်းချောင်းဘက်ကို စစ်ကူပို့တာ တွေရှိနေတာ့ အဲဒါကို ဖြတ်တိုက်လို့ တိုက်ပွဲဖြစ်ကြတာပြောတယ်” လို့ ကျောက်ဖြူဒေသခံလူမှုကူညီရေးလုပ်နေသူ တဦးက ပြောပါတယ်။

အလားတူပဲ တောင်မော်ဦးရေတပ်စခန်းရဲ့ နောက်ဆုံးကာကင်းစခန်းတွေရှိရာ အ၀တောင်ကျေးရွာအနီးမှာလည်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က ​​သေဆုံးဒဏ်ရာရသူများနေတယ် လို့ စစ်​ရေးအရင်းအမြစ်အချို့က​ပြောပါတယ်။ အထိနာနေတဲ့ စစ်တပ်ဟာ ပြီးခဲ့တဲ့ဩဂုတ်လ၁ ရက်နေ့ညက စနဲမြို့ကို လေကြောင်းဗုံးကြဲခဲ့တာ ကြောင့် အရပ်သားထိခိုက်မှုအချို့ရှိခဲ့ပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ရှေ့တန်းစခန်းတွေကို အာရက္ခတပ်တော်(AA)က အဝေးပစ် လက်နက်ကြီး၊ စနိုက်ပါတို့နဲ့ တိုက်ခိုက်နေတာကြောင့် စစ်တပ်တပ်ဘက်က ထိခိုက်၊ သေဆုံးသူတွေ နေ့စဉ်နီးပါးရှိ နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်းကရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်က​သေဆုံးဒဏ်ရာရူူများပြီး အထိနေသလို လက်နက်ချ၊ အလင်းဝင်လာသူတွေလည်း အများအပြားရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါ တယ်။

အဲဒီလို အထိနာနေတဲ့ စစ်တပ်ဟာ ကျောက်ဖြူမြို့နယ်အတွင်းက အရပ်ဘက်လူနေကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားထိခိုက်၊ သေဆုံးမှုတွေ ရှိနေပါတယ်။ ဒါ့အပြင် ကျောက်ဖြူပင်လယ်ပြင်အတွင်းသွားလာနေကြတဲ့ကုန်တင်၊ ခရီးသည်တင်စက်လှေတွေ၊ ငါးဖမ်းစက်လှေတွေကို လည်း ဖမ်းဆီးတာတွေ လုပ်နေပါတယ်။

လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း ၊ အမှတ်(၃၂)ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ကျန်နေသေးပါတယ်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို၂၀၂၆ ခုနှစ်နဲ့ ၂၀၂၇ ခုနှစ်တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ​ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။