မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည် ၄,၀၀၀ ခန့်ကို အကူအညီပေးရန် အနောက်ပိုင်း တာ့ချ်ခရိုင် အရာရှိများကို ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားလိုက်ကြောင်း The Thaiger သတင်းဌာနက ယနေ့(ဒီဇင်ဘာ ၂၂ ရက်)ဖော်ပြသည်။
Thai PBS World သတင်းဌာနဖော်ပြချက်အရ မြန်မာဒုက္ခသည် ၄,၀၀၀ သည် ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးရှောင် ထွက်ပြေးလာခဲ့ကြပြီး ယာယီနေထိုင်စရာနှင့် လူသားချင်းစာနာမှုအကူအညီလိုအပ်နေသည်ဟုဆိုသည်။

အဆိုပါ ဒုက္ခသည်များကို အရေးပေါ်ကူညီဝင်ရောက်ခွင့်ပြုရန် ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီက ထိုင်းအစိုးရကို တောင်းဆိုထားသည်။
ထို့အပြင် ထိုင်းဝန်ကြီးချုပ်က တာ့ချ်ခရိုင်အုပ်ချုပ်ရေးမှူးအနေဖြင့် အခြေအနေကို ထိုင်း စစ်တပ်အကူအညီဖြင့် အခြေအနေကို စောင့်ကြည့်ရန် အမိန့်ပေးထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
COVID-19 ပိုးတွေ့ရှိသည့် ဒုက္ခသည်များကို ခွဲခြားထားပြီး ဆေးရုံတွင် ဆေးကုသမှုပေးထားသည်ဟုဆိုသည်။
အချို့သော ဒုက္ခသည်များကလည်း မဲ့တောင်နှင့် မဟာဝမ်ခရိုင်ခွဲများတွင် ခိုလှုံရန် ကြိုးစားနေ ကြောင်း Thai PBS World သတင်းဌာနက ဖော်ပြသည်။


















































