Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ဘေးရှောင် မြန်မာဒုက္ခသည်များကို အကူအညီပေးရန် တာ့ချ်ခရိုင်အရာရှိများကို ထိုင်းဝန်ကြီးချုပ်ညွှန်ကြား

Thai PBS World သတင်းဌာနဖော်ပြချက်အရ မြန်မာဒုက္ခသည် ၄,၀၀၀ သည် ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးရှောင် ထွက်ပြေးလာခဲ့ကြပြီး ယာယီနေထိုင်စရာနှင့် လူသားချင်းစာနာမှုအကူအညီလိုအပ်နေသည်ဟုဆိုသည်။

(မဲ​ဆောက်မြို့သို့ ဒီဇင်ဘာ၁၇ရက်က ​ရောက်ရှိလာ​သော မြန်မာစစ်​ဘေး​ရှောင်များကို ထိုင်းတာဝန်ရှိသူများက ​နေရာချထား​နေစဥ်)

မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည် ၄,၀၀၀ ခန့်ကို အကူအညီပေးရန် အနောက်ပိုင်း တာ့ချ်ခရိုင် အရာရှိများကို ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားလိုက်ကြောင်း The Thaiger သတင်းဌာနက ယနေ့(ဒီဇင်ဘာ ၂၂ ရက်)ဖော်ပြသည်။

Thai PBS World သတင်းဌာနဖော်ပြချက်အရ မြန်မာဒုက္ခသည် ၄,၀၀၀ သည် ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးရှောင် ထွက်ပြေးလာခဲ့ကြပြီး ယာယီနေထိုင်စရာနှင့် လူသားချင်းစာနာမှုအကူအညီလိုအပ်နေသည်ဟုဆိုသည်။

Public Service Announcement

အဆိုပါ ဒုက္ခသည်များကို အရေးပေါ်ကူညီဝင်ရောက်ခွင့်ပြုရန် ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီက ထိုင်းအစိုးရကို တောင်းဆိုထားသည်။

ထို့အပြင် ထိုင်းဝန်ကြီးချုပ်က တာ့ချ်ခရိုင်အုပ်ချုပ်ရေးမှူးအနေဖြင့် အခြေအနေကို ထိုင်း စစ်တပ်အကူအညီဖြင့် အခြေအနေကို စောင့်ကြည့်ရန် အမိန့်ပေးထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

COVID-19 ပိုးတွေ့ရှိသည့် ဒုက္ခသည်များကို ခွဲခြားထားပြီး ဆေးရုံတွင် ဆေးကုသမှုပေးထားသည်ဟုဆိုသည်။

အချို့သော ဒုက္ခသည်များကလည်း မဲ့တောင်နှင့် မဟာဝမ်ခရိုင်ခွဲများတွင် ခိုလှုံရန် ကြိုးစားနေ ကြောင်း Thai PBS World သတင်းဌာနက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက်ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးချတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။