Connect with us

Hi, what are you looking for?

သတင်း

ကလောမှာအနိမ့်ပိုင်းရပ်ကွက်အချို့ရေဝင်နေ

ရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့မှာကလောချောင်းရေတက်နေပြီး အနိမ့်ပိုင်းရပ်ကွက်တွေရှိလူနေအိမ်အချို့ရေဝင်နေသလို ကားလမ်းရေကျော်တာတွေလည်းဖြစ်နေတယ်လို့ လူမူကူညီရေး လုပ်ကိုင်သူတွေဆီကသိရပါတယ်။

ဓာတ်ပုံ​ - ဆိုရှယ်မီဒီယာ

သြဂုတ် – ၁၀ ၊၂၀၂၆ ၊People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့မှာကလောချောင်းရေတက်နေပြီး အနိမ့်ပိုင်းရပ်ကွက်တွေရှိလူနေအိမ်အချို့ရေဝင်နေသလို ကားလမ်းရေကျော်တာတွေလည်းဖြစ်နေတယ်လို့ လူမူကူညီရေး လုပ်ကိုင်သူတွေဆီကသိရပါတယ်။

မနေ့ (ဩဂုတ်လ ၉ ရက်) ကစပြီး မိုးအဆက်မပြတ်ရွာတာကြောင့် တောင်ကျရေ များလာပြီးကလောချောင်းရေ တက်လာတာနဲ့အတူ ရပ်ကွက် ၂ ၊၃ ၊၄ တို့မှာ ရေဝင်ရောက်လာတပါ။

“မိုးကဆက်ရွာနေရင်တော့ ရေကဒီထက်ပိုတက်နိုင်တာပေါ့ ၊ခုတော့အခြေနေကိုအားလုံးစောင့်ကြည့်နေကြပါတယ်”လို့ လူမူကူညီရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အမှတ်(၄)ရပ်ကွက်မှာတော့နေအိမ်တွေထဲရေဝင်လာပြီးနောက်မြို့ခံအချို့ ရွေ့ပြောင်းတာတွေ ပြုလုပ်နေရတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မိုးရာသီ ဩဂုတ်လပိုင်းမှာတောင်ပေါ်မြို့ဖြစ်တဲ့ ကလောမှာစံချိန်တင်မိုးရွာသွန်းမှုတွေကြောင့် ရေကြီးခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာလတ်တလော စစ်ကိုင်းတိုင်း၊ဧရာဝတီတိုင်း၊မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မြို့နယ်တွေမှာ ရေကြီးရေလျှံဖြစ်နေပြီး လူဦးရေ သိန်းဂဏန်းရေဘေးသင့်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ဝမ်းတွင်းဆည်ရေကြောင့် မြို့ပေါ်နဲ့ ကျေးရွာတွေ ရေကြီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ရေကြီးမှုနဲ့ မိုးခေါင်မှုတွေ ကြုံတွေ့လာတဲ့အခါ ထိထိရောက်ရောက် တုံ့ပြန် ကိုင်တွယ်နိုင်ရေးအတွက် ၂၄ နာရီ လည်ပတ်မယ့် ကွပ်ကဲရေး စင်တာတွေ ဖွင့်လှစ်ဖို့ ထိုင်းအစိုးရက ညွှန်ကြားလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းက ညောင်ပင်ဝန်းမှာ ရေကြီးနေလို့ ခရီးသွားယာဥ်ငယ်တွေ ဖြတ်သန်းလို့ မရတော့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ထိန်းချုပ်‌ဒေသ သိန္နီနဲ့ ကွတ်ခိုင်မြို့မှာ မိုးကြီးပြီး ချောင်းရေလျှံလို့ ရေဘေးရင်ဆိုင်နေရပါတယ်။