Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်မှာ ရထားတိုက်လို့ ဘူတာရုံ ဝန်ထမ်း ၄ ဦးသေဆုံး

ဂျပန်မှာ ရထားတိုက်ခံရလို့ ဘူတာရုံက အလုပ်သမား ၄ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ဂျပန်မှာ ရထားတိုက်ခံရလို့ ဘူတာရုံက အလုပ်သမား ၄ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

တိုကျိုမြို့တော် မြောက်ပိုင်းမှာရှိတဲ့ ရှင်-ကန်နူမာ ဘူတာရုံမှာ ဩဂုတ် ၂၀ မနက်ပိုင်းတုန်းက ရထားတိုက်မှု ဖြစ်ခဲ့တာပါ။ ကယ်ဆယ်ရေး သွားရောက် ဆောင်ရွက်ခဲ့တဲ့ မီးသတ်ဌာန အရာရှိ တစ်ဦးက ရထားတိုက်ခံရသူ ၄ ဦးစလုံး သေဆုံးသွားကြောင်း AFP သတင်းဌာနဆီကို ပြောကြားခဲ့ပါတယ်။

နောက်ထပ် ကယ်ဆယ်ရေး ဝန်ထမ်း တစ်ဦးကတော့ အခင်းဖြစ်တဲ့ နေရာဆီ ရောက်သွားချိန်မှာ အလုပ်သမား ၃ ဦးဟာ ရထားအောက်မှာ ညပ်နေဆဲဖြစ်ပြီး ကျန်တဲ့တစ်ယောက်ကတော့ ဘူတာ ပလက်ဖောင်းပေါ်မှာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

အားလုံးကို ဆေးရုံပို့ခဲ့ပေမယ့် အဲဒီအချိန်ကတည်းက အသိမရှိကြတော့သလို အသက်ရှင်တဲ့ လက္ခဏာတွေလည်း မတွေ့တော့ဘူးလို့ အဲဒီ သတင်းရင်းမြစ်က AFPကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖြစ်စဉ် အသေးစိတ်ကို ရဲတွေက မထုတ်ပြန်သေးပေမယ့် Nippon TVကတော့ အဲဒီ အလုပ်သမားတွေဟာ ဘူတာနဲ့ ရထားသံလမ်း တဝိုက်က ခြုံနွယ်တွေကို ရှင်းလင်းနေရင်း ရထား အတိုက်ခံခဲ့ရတာလို့ ဖော်ပြသွားပါတယ်။

ဂျပန်ဟာ ရထားပို့ဆောင်ရေးမှာ လုံခြုံရေးစံနှုန်း အကောင်းဆုံး နိုင်ငံတစ်ခုဖြစ်ပြီး သာမန်အားဖြင့်တော့ လူ့အသက် ဆုံးရှုံးစေတဲ့ ရထားမတော်တဆမှုတွေ အင်မတန် နည်းပါးပါတယ်။

ဂျပန်ရဲ့ ကျည်ဆန်ရထားတွေမှာ အထူးကောင်းမွန်တဲ့ ပြင်ဆင်ထိန်းသိမ်းမှုတွေ၊ ဝန်ထမ်းတွေကို လေ့ကျင့်ပေးထားတာတွေ၊ အဆင့်အမြင့်ဆုံး နည်းပညာတွေကို အသုံးပြုထားပြီး ရထားလမ်းချော်လို့၊ ရထားချင်းတိုက်မိလို့ လူသေဆုံးတယ် ဆိုတာမျိုး မရှိခဲ့ဖူးပါဘူး။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမြဲတမ်း နေထိုင်ခွင့် (PR) လျှောက်ထားတဲ့ နိုင်ငံခြားသားတွေအတွက် သတ်မှတ်နှုန်းထားကို ဂျပန်က အဆ ၂၀ တရားဝင် တိုးမြှင့် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဒူဂျူယန် တိုက်ခတ်မှုကြောင့် ဂျပန်မှာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

Trending

Facebook