Connect with us

Hi, what are you looking for?

News

ယင်းမာပင်တိုက်ပွဲ ဗျူဟာမှူးနှင့်စနိုက်ပါသမားအပါအဝင် စစ်​ကောင်စီတပ်သား ခုနစ်ဦး​သေ

တိုက်ပွဲ ဖြစ်စဥ်တွင် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုမှ အထိအခိုက် ရရှိသူတစ်ဦးမျှမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုတပ်သားများကို ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗျူဟာမှူးနှင့် စနိုက်ပါသမား အပါအဝင် စစ်​ကောင်စီတပ်သား ခုနစ်ဦးသေဆုံးကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ယနေ့ ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၂ ရက်က ယင်းမာပင်မြို့ အနောက်ဘက်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ အပြင်းအထန် တိုက်ပွဲဖြစ်ရာမှ စစ်ကောင်စီတပ်သားများ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ဆိုသည်။

တိုက်ပွဲ ဖြစ်စဥ်တွင် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုမှ အထိအခိုက် ရရှိသူတစ်ဦးမျှမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းမာပင် မြို့နယ်တွင်းသို့ အကြမ်းဖက်စစ်ကောင်စီက ဒီဇင်ဘာ ၁၉ ရက်ကစ၍ အင်အားတိုးချဲ့ခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်တွင် ကျေးရွာများကို စစ်ကြောင်းစတင်ထိုးခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် စည်အောင်၊ အောင်ချမ်းအေးနှင့် အောင်ချမ်းသာ ​ကျေးရွာသုံးရွာမှ ပြည်သူထောင်နှင့်ချီ စစ်ဘေးရှောင်နေရသည်။

ယင်းမာပင်မြို့နယ်သည် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် ဒေသများအနက် တစ်ခုအပါအဝင် ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။