Connect with us

Hi, what are you looking for?

LuduNwayOo

News

ယင်းမာပင်တိုက်ပွဲ ဗျူဟာမှူးနှင့်စနိုက်ပါသမားအပါအဝင် စစ်​ကောင်စီတပ်သား ခုနစ်ဦး​သေ

တိုက်ပွဲ ဖြစ်စဥ်တွင် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုမှ အထိအခိုက် ရရှိသူတစ်ဦးမျှမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုတပ်သားများကို ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗျူဟာမှူးနှင့် စနိုက်ပါသမား အပါအဝင် စစ်​ကောင်စီတပ်သား ခုနစ်ဦးသေဆုံးကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ယနေ့ ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၂ ရက်က ယင်းမာပင်မြို့ အနောက်ဘက်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ အပြင်းအထန် တိုက်ပွဲဖြစ်ရာမှ စစ်ကောင်စီတပ်သားများ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ဆိုသည်။

တိုက်ပွဲ ဖြစ်စဥ်တွင် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုမှ အထိအခိုက် ရရှိသူတစ်ဦးမျှမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းမာပင် မြို့နယ်တွင်းသို့ အကြမ်းဖက်စစ်ကောင်စီက ဒီဇင်ဘာ ၁၉ ရက်ကစ၍ အင်အားတိုးချဲ့ခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်တွင် ကျေးရွာများကို စစ်ကြောင်းစတင်ထိုးခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် စည်အောင်၊ အောင်ချမ်းအေးနှင့် အောင်ချမ်းသာ ​ကျေးရွာသုံးရွာမှ ပြည်သူထောင်နှင့်ချီ စစ်ဘေးရှောင်နေရသည်။

ယင်းမာပင်မြို့နယ်သည် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် ဒေသများအနက် တစ်ခုအပါအဝင် ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။