Connect with us

Hi, what are you looking for?

News

သံ​တောင် (၁၃)တွင် ​စျေးဝယ်လာသည့် စစ်​ကောင်စီတပ်သားနှစ်ဦး ပစ်သတ်ခံရ

ပစ်သတ်ခံရသူ စစ်ကောင်စီတပ်သား နှစ်ဦးထံမှ လက်နက် တစ်လက်ရရှိခဲ့ကြောင်းလည်း ဒေသခံသတင်းရင်း​မြစ်က ဆိုသည်။

သံတောင်မြို့ (၁၃)မိုင်၌ စစ်ကောင်စီတပ်သားနှစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံသတင်းရင်းမြစ်များက ​ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၄ ရက်)နံနက် ၈နာရီ၄၅မိနစ်အချိန် တွင် သံတောင်မြို့ဆေးရုံအောက်လမ်းမပေါ် ဈေးဝယ်ရန် အရပ်ဝတ်ဖြင့် ဆိုင်ကယ်မောင်းလာသည့် စစ်ကောင်စီတပ်သား နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရခြင်း ဖြစ်သည်။

ပစ်ခတ်ခံရမှုဖြစ်စဥ်တွင် ဆိုင်ကယ်မောင်းသူမှာ ပွဲချင်း ပြီးသေဆုံးခဲ့ပြီး နောက်မှပါလာသူတစ်ဦးမှာ ပြင်းထန်ဒဏ်ရာဖြင့် စစ်ကောင်စီ စခန်းသို့ပြန်လည်ခေါ်ဆောင်ပြီးနောက် နံနက် ၁၀ နာရီခန့်တွင် တောင်ငူ စစ်ဆေးရုံ၌ သေဆုံးခဲ့သည်ဟု သိရသည်။

ပစ်သတ်ခံရသူ စစ်ကောင်စီတပ်သား နှစ်ဦးထံမှ လက်နက် တစ်လက်ရရှိခဲ့ကြောင်းလည်း ဒေသခံသတင်းရင်း​မြစ်က ဆိုသည်။

Public Service Announcement

Public Service Announcement

“ဘယ်အဖွဲ့က လုပ်သွားတယ်ဆိုတာတော့ မသိရသေးဘူး။ကပ်ပစ်သွားကြတာ”ဟု ၎င်းက ပြောသည်။

သံတောင်ကြီးမြို့နယ် သံတောင်မြို့သည် KNU တပ်မဟာ (၂) ၏ နယ်မြေတစ်ခု ဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။