Connect with us

Hi, what are you looking for?

LuduNwayOo

News

သံ​တောင် (၁၃)တွင် ​စျေးဝယ်လာသည့် စစ်​ကောင်စီတပ်သားနှစ်ဦး ပစ်သတ်ခံရ

ပစ်သတ်ခံရသူ စစ်ကောင်စီတပ်သား နှစ်ဦးထံမှ လက်နက် တစ်လက်ရရှိခဲ့ကြောင်းလည်း ဒေသခံသတင်းရင်း​မြစ်က ဆိုသည်။

သံတောင်မြို့ (၁၃)မိုင်၌ စစ်ကောင်စီတပ်သားနှစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံသတင်းရင်းမြစ်များက ​ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၄ ရက်)နံနက် ၈နာရီ၄၅မိနစ်အချိန် တွင် သံတောင်မြို့ဆေးရုံအောက်လမ်းမပေါ် ဈေးဝယ်ရန် အရပ်ဝတ်ဖြင့် ဆိုင်ကယ်မောင်းလာသည့် စစ်ကောင်စီတပ်သား နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရခြင်း ဖြစ်သည်။

ပစ်ခတ်ခံရမှုဖြစ်စဥ်တွင် ဆိုင်ကယ်မောင်းသူမှာ ပွဲချင်း ပြီးသေဆုံးခဲ့ပြီး နောက်မှပါလာသူတစ်ဦးမှာ ပြင်းထန်ဒဏ်ရာဖြင့် စစ်ကောင်စီ စခန်းသို့ပြန်လည်ခေါ်ဆောင်ပြီးနောက် နံနက် ၁၀ နာရီခန့်တွင် တောင်ငူ စစ်ဆေးရုံ၌ သေဆုံးခဲ့သည်ဟု သိရသည်။

ပစ်သတ်ခံရသူ စစ်ကောင်စီတပ်သား နှစ်ဦးထံမှ လက်နက် တစ်လက်ရရှိခဲ့ကြောင်းလည်း ဒေသခံသတင်းရင်း​မြစ်က ဆိုသည်။

Public Service Announcement

Public Service Announcement

“ဘယ်အဖွဲ့က လုပ်သွားတယ်ဆိုတာတော့ မသိရသေးဘူး။ကပ်ပစ်သွားကြတာ”ဟု ၎င်းက ပြောသည်။

သံတောင်ကြီးမြို့နယ် သံတောင်မြို့သည် KNU တပ်မဟာ (၂) ၏ နယ်မြေတစ်ခု ဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။