စက်တင်ဘာ – ၃၊၂၀၂၆
မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ်ထဲကနေအိမ်တစ်လုံးကို မနေ့ ( စက်တင်ဘာလ ၂ရက်) က အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းပြီး တရုတ်နိုင်ငံသားတွေအပါအဝင် လူ ၁၀ ဦးခန့်ကို ဖမ်းဆီးသွားတယ်လ်ို့ မြို့ခံတွေဆီကသိရပါတယ်။
ကျားဖြန့် ( အွန်လိိုင်းငွေလိမ်) လုပ်ငန်းလုပ်ကိုင်တယ်ဆိုပြီး မနေ့ မနက် ၁၀ နာရီခန့်က စစ်တပ် ၊ ရဲ နဲ့ ပြည်သူ့စစ်ခေါ် ပျုစောထီးတွေက အဲဒီနေအိမ်ကို ဝင်ဖမ်းသွားတာပါ။
ဖမ်းခံရသူ ၁၀ ဦးဝန်းကျင်မှာ တရုတ်နိုင်ငံသားအချို့ပါဝင်ပြီး မြန်မာနိုင်ငံသား အမျိုးသား၊အမျိုးသမီး လူငယ်ပိုင်းတွေ၊လူလတ်ပိုင်းတွေ လည်းပါကြတယ်လို့ သိရပါတယ်။

Public Service Announcement
အဲဒီနေအိမ်မှာ ကျားဖြန့်လုပ်ကိုင်တယ်လို့ သတင်းတွေထွက်နေခဲ့တာဖြစ်ပြီးလတ်တလောမှာတော့ဖမ်းဆီးထားသူတွေကိုဘယ်ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်ဆိုတာမသိရသေးပါဘူး။
ပြီးခဲ့တဲ့ လပိုင်းကလည်း မန္တလေး ၊မဟာအောင်မြေမြို့နယ်မှာ ကျားဖြန့် လုပ်ကိုင်တယ်ဆိုတဲ့ နေအိမ်ကို ရဲ နဲ့ စစ်တပ်က ဝင်ဖမ်းရာမှာ ထွက်ပြေးသူတစ်ဦးကို ပစ်ခတ်တာကြောင့် သေဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ထားပါတယ်။


















































