Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့လစာအကောင်းဆုံး နိုင်ငံခေါင်းဆောင်ဖြစ်တဲ့ စင်ကာပူ ဝန်ကြီးချုပ်ရဲ့ လစာထပ်တိုး၊ တိုးလာတဲ့ ပမာဏကို လှူဒါန်းသွားမယ်လို့ပြော

ကမ္ဘာပေါ်မှာ တရားဝင် လုပ်ခလစာ အများဆုံး ရရှိသူ အစိုးရခေါင်းဆောင်၊ အစိုးရ အရာရှိဖြစ်တဲ့ စင်ကာပူ ဝန်ကြီးချုပ်ဟာ နောက်ထပ် လစာတိုးတော့မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Reuters

ကမ္ဘာပေါ်မှာ တရားဝင် လုပ်ခလစာ အများဆုံး ရရှိသူ အစိုးရခေါင်းဆောင်၊ အစိုးရ အရာရှိဖြစ်တဲ့ စင်ကာပူ ဝန်ကြီးချုပ်ဟာ နောက်ထပ် လစာတိုးတော့မှာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့ကစလို့ လောရင့်စ်ဝေါင်ရဲ့ လစာဟာ ၆၄ ရာခိုင်နှုန်း ထပ်တိုးသွားမယ်လို့ သိရပါတယ်။ အမေရိကန် ဒေါ်လာနဲ့တွက်ရင် ဝေါင်ဟာ တစ်နှစ်ကို ဒေါ်လာ ၁.၇ သန်းလောက် လုပ်ခ ခံစားခွင့် ရရှိနေသူဖြစ်ပြီး လစာနှုန်းထားသစ်အရ ဒေါ်လာ ၂.၈ သန်းလောက် နှစ်စဉ် ရရှိလာတော့မှာပါ။ တစ်နည်းအားဖြင့် သူဟာ တစ်နှစ်ကို ဒေါ်လာ ၁.၁ သန်းလောက် ထပ်တိုးပြီး လုပ်ခလစာ ခံစားခွင့် ရှိလာမှာ ဖြစ်ပါတယ်။

စင်ကာပူ အစိုးရဟာ ဝန်ကြီးတွေရဲ့ လုပ်ခလစာတွေကိုလည်း တိုးမြှင့်ပေးဖို့ စီစဉ်ထားပါတယ်။ ဝန်ကြီးတွေကို လစာတိုးပေးတာနဲ့ ပတ်သက်လို့ ဝေါင်က အဓိက အကြောင်းပြချက်နှစ်ခု ပေးပါတယ်။ ဝန်ကြီးတွေ လစာများများ ပေးထားခြင်းဟာ အဂတိ ကင်းစင်စေချင်လို့ ဖြစ်ကြောင်း၊ ပြီးတော့ အရည်အချင်း ပြည့်ဝတဲ့ ပညာရှင်တွေကို အစိုးရ အရာရှိ ရာထူးနေရာအတွက် ဆွဲဆောင်ဖို့ဆိုရင် လစာမြင့်မြင့်မားမား ကမ်းလှမ်းဖို့လိုကြောင်း ဝေါင်က ပြောကြားခဲ့ပါတယ်။

သူ့ရဲ့လစာတိုးလာမှုကို ဝေါင်က စက်တင်ဘာ ၈ ရက်မှာ အတည်ပြု ကြေညာခဲ့ပြီး ပထမဆုံး ၅ နှစ်အတွက်ကိုတော့ လစာနှုန်းထားသစ် မယူဘဲ တိုးလာသမျှ ငွေကြေးအားလုံးကို လူမှုအကျိုးပြု အဖွဲ့အစည်းတွေဆီ ခွဲဝေ လှူဒါန်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဝေါင်က စင်ကာပူ နိုင်ငံသားတွေရဲ့ ပျမ်းမျှလစာဟာ တစ်လကို အမေရိကန်ဒေါ်လာ ၄၆၀၀ ဝန်းကျင်လောက်သာ ရှိတာကြောင့် ဝန်ကြီးတွေကို လစာတိုးပေးတဲ့ ကိစ္စက ထိလွယ်ရှလွယ် ဖြစ်နိုင်တာကို ဝန်ခံခဲ့ပါတယ်။ နိုင်ငံရေးသမားတွေရဲ့ လုပ်ခလစာကိစ္စ ဆွေးနွေးရတိုင်း သတိထားရပြီး စိတ်ခံစားချက်တွေ ရောပါလာတတ်တာကို နားလည်တယ်လို့ သူက လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ စင်ကာပူမှာ အရည်အချင်း ပြည့်ဝတဲ့ နိုင်ငံရေး ခေါင်းဆောင်မှုကို ရေရှည် ထိန်းသိမ်းဖို့အတွက် အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေကို လုပ်ခလစာ များများနဲ့ ဆွဲဆောင်ဖို့ လိုအပ်ကြောင်း ဝေါင်က ပြောကြားသွားပါတယ်။

လစာနှုန်းထားသစ်တွေအရ ဝန်ကြီးတွေရဲ့ အရင်လုပ်ခ တစ်နှစ် အမေရိကန်ဒေါ်လာ ၁.၁ သန်းလောက်ကနေ ၁.၂ သန်းလောက်ဆီကို တိုးသွားမှာ ဖြစ်ပါတယ်။ ခြွင်းချက်အဖြစ် ဝန်ကြီး ၃ ဦးကတော့ တစ်နှစ်ကို ဒေါ်လာ ၁.၃၅ သန်းထိ ရရှိလာမယ်လို့ သိရပါတယ်။

လစာနှုန်းထားသစ်တွေ မထွက်ပေါ်လာခင် ကတည်းက ဝေါင်ဟာ ကမ္ဘာပေါ်မှာ လုပ်ခအများဆုံး ရရှိတဲ့ နိုင်ငံခေါင်းဆောင်အဖြစ် ရပ်တည်နေပါတယ်။ မြင်သာတဲ့ နှိုင်းယှဉ်မှုတွေအရ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ တစ်နှစ်လုပ်ခက ဒေါ်လာ ၄ သိန်းဖြစ်ပြီး ဗြိတိန် ဝန်ကြီးချုပ်ကတော့ ဒေါ်လာ ၂ သိန်း ၃ သောင်းလောက်ပဲ ရရှိနေတာပါ။

ကမ္ဘာပေါ်မှာ လုပ်ခလစာ ဒုတိယ အများဆုံး နိုင်ငံအုပ်ချုပ်သူကတော့ ဟောင်ကောင် အစိုးရအဖွဲ့ခေါင်းဆောင် ဂျွန်လီဖြစ်ပြီး တစ်နှစ်ကို ဒေါ်လာ ၇ သိန်း ၂ သောင်းနီးပါး ရရှိနေပါတယ်။ တတိယ နေရာမှာတော့ တစ်နှစ်ကို ဒေါ်လာ ၆ သိန်းကျော် ဝင်ငွေရှိတဲ့ ဆွစ်ဇာလန် သမ္မတ ဂိုင်းပါမယ်လင်က ရပ်တည်နေပါတယ်။

စင်ကာပူဟာ ကမ္ဘာပေါ်မှာ အစိုးရ အဖွဲ့တွင်း အဂတိကိစ္စ အကင်းစင်ဆုံး၊ အရှားပါးဆုံး နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်တုန်းကတော့ စင်ကာပူ အစိုးရဟာ ပို့ဆောင်ရေး ဝန်ကြီးဟောင်း တစ်ဦးကို ဒေါ်လာ ၃ သိန်းကျော် တန်ဖိုးရှိတဲ့ လက်ဆောင်တွေ ရယူမှုအတွက် ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။

ကိုးကား: Financial Times

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်အတွင်းအရာရှိများကအောက်ခြေစစ်သည် အခြား အဆင့်များကို ဖိနှိပ်မှုများ ၊ စစ်သည်များ၏ လစာရိက္ခာများကို ၎င်းတို့အကျိုးအတွက် အသုံးချမှုများစွာရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၌ ဖမ်းဆီးရရှိခဲ့သော စစ်သုံ့ပန်းများဖြစ်သည့် တပ်ကြပ်ကြီးသန်းအောင်နှင့် တပ်သားလွင်ဦးတို့က ထွက်ဆိုသည်။

သတင်း

ပင်​လောင်းတွင်ငလျင်ဒဏ်ခံရ​သော်လည်း PNO နှင့်စစ်​ကောင်စီ မကူညီဘဲ စစ်သားသစ်စု

သတင်း

“ကိုယ် အေဂျင်စီက ပို့လိုက်တဲ့ အလုပ်သမားကို ဘဏ်တဆင့်ငွေပိုတာ/ငွေလွှဲတာကို အေဂျင်စီက တာဝန်ယူခိုင်းမယ့်သဘောမျိုးပါ”ဟု အေဂျင်စီတစ်ခုမှ မန်နေးဂျင်းဒါရိုက်တာ တစ်ဦးကပြောသည်။

News

အထက်ပါ အသိပေးချက်ကို ယနေ့(မတ်လ ၇ရက်) ထုတ်ပြန်ခြင်းဖြစ်ပြီး ပြည်သူ့ဘက်တော်သား CDM/နှုတ်ထွက် ဝန်ထမ်းများအနေဖြင့် ပြည်သူ့ဘက်တွင် အဆုံးထိ ဆက်လက်ရပ်တည်သွားကြရန်လည်း Yaw Defence Force - Htilinက တောင်းဆိုထားသည်။