Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေ့ကျင့်ပစ်ခတ်ရင်း တင့်ကား ပေါက်ကွဲသွားမှုကို ဘင်္ဂလားဒေ့ရှ် စုံစမ်းနေ

လက်တွေ့ ပစ်ခတ်မှု စစ်ရေးလေ့ကျင့်နေရင်း တင့်ကားတစ်စီး ပေါက်ကွဲသွားတဲ့ ဖြစ်စဉ်အတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ စတင်နေကြောင်း သိရပါတယ်။

လက်တွေ့ ပစ်ခတ်မှု စစ်ရေးလေ့ကျင့်နေရင်း တင့်ကားတစ်စီး ပေါက်ကွဲသွားတဲ့ ဖြစ်စဉ်အတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ စတင်နေကြောင်း သိရပါတယ်။

ချတ်တိုဂရမ်မှာရှိတဲ့ ဟာသာဇာရီမှာ စက်တင်ဘာ ၉ ရက်နေ့တုန်းက ကျည်အစစ်တွေ အသုံးပြု လေ့ကျင့် ပစ်ခတ်ရင်း တရုတ်လုပ် Type 59 တင့်ကားရဲ့ ထိန်းချုပ်မောင်းနှင်ခန်းထဲမှာ ပေါက်ကွဲမှု ဖြစ်သွားခဲ့တာပါ။ တင့်ကားက အမြောက်ကို ပစ်ခတ်လိုက်ချိန်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ယာဉ်အပေါ်ဖက်မှာ ညွှန်ကြားနေတဲ့ အရာရှိပါ လွင့်စဉ်ထွက်သွားတာကို တွေ့ခဲ့ရပါတယ်။

အခုဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ် စစ်သားနှစ်ဦး သေဆုံးခဲ့ပြီး တင့်ကကားရဲ့ ဦးစီး အရာရှိက အပြင်းအထန် ဒဏ်ရာရသွားကြောင်း သိရပါတယ်။ အဲဒီ အရာရှိကိုတော့ ဒါကာမြို့တော်ဆီ ရဟတ်ယာဉ်နဲ့ အရေးပေါ်ပို့ဆောင်ပြီး ဆေးရုံတင်ထားရပါတယ်။

ဘင်္ဂလားဒေ့ရှ် စစ်တပ်ရဲ့ လူထုဆက်ဆံရေး ဌာနကတော့ ဟာသာဇာရီ စက်ပစ်ကွင်း နေရာမှာ တင့်ကားတစ်စီး လက်တွေ့စမ်းသပ် လေ့ကျင့်ပစ်ခတ်ရင်း မတော်တဆမှုတစ်ခု ဖြစ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

Type 59တွေဟာ ဆိုဗီယက်လုပ် T-54 တိုက်ပွဲဝင် တင့်ကားတွေကို တရုတ်က ပြည်တွင်းမှာ ပြန်လည် တပ်ဆင် ထုတ်လုပ်ထားတဲ့ မူကွဲဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် စစ်တပ်က ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ တင့်ကား အမျိုးအစားကို တရားဝင် မကြေညာပေမယ့် လက်နက်ကျွမ်းကျင်သူတွေကတော့ Type 59 တစ်စီးဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီတင့်ကားတွေကို ဘင်္ဂလားဒေ့ရှ်ရဲ့ သံချပ်ကာ တပ်မတွေမှာ ဆယ်စုနှစ်တွေနဲ့ချီ အစဉ်တစိုက် အသုံးပြုနေပါတယ်။ အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ စစ်တပ်မှာလည်း Type 59 အစီးရေ ၂၅၀ လောက် ပိုင်ဆိုင်ထားကြောင်း သိရပါတယ်။

တင့်ကားတွေရဲ့ သက်တမ်းက အိုဟောင်းနေပြီ ဖြစ်ပေမယ့်လည်း တရုတ်ဆီကနေ အပိုပစ္စည်းတွေ ဖြည့်တင်းဝယ်ယူရင်း၊ ရနိုင်သလောက် မွမ်းမံ အဆင့်မြှင့်တင်ရင်း ဆက်လက် သုံးစွဲနေတာ ဖြစ်ပါတယ်။ တင့်ကားပေါက်ကွဲမှု အပြီးမှာတော့ စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်းစတင်ဖို့ ညွှန်ကြားထားပါတယ်။ တင့်ကားဘာကြောင့် ပေါက်ကွဲခဲ့သလဲ ဆိုတာကိုလည်း လောလောဆယ်မှာ စစ်တပ်က ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ဘင်္ဂလားဒေ့ရှ် အစိုးရက ထုတ်ပြန်တဲ့ လက်နက်ဝယ်ယူ ဖြည့်တင်းမှု စာရင်းတွေအရ Type 59 အစီး ၄၀ ထက်မနည်းကို စွမ်းဆောင်ရည်ပိုင်း အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားသလို T-69IIG တင့်ကား ၅၈ စီးကိုလည်း ပိုမိုကောင်းမွန်တဲ့ ထိန်းချုပ်မှုနဲ့ လက်နက်စနစ်တွေ ဖြည့်တင်း တပ်ဆင်ထားကြောင်း သိရပါတယ်။

ကိုးကား: Economic Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံရဲ့ လေတပ်ကို အဆင့်မြှင့်မယ့် စီမံကိန်းအတွက် တရုတ်လုပ် တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထွက်ပြေးတိမ်းရှောင်နေသူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို လက်လွှဲမပေးမချင်း အိန္ဒိယနိုင်ငံဆီ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က သွားရောက်မှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သူ့အသက်ကို ခြိမ်းခြောက် ခံရမယ် ဆိုရင်တောင်မှ ဘင်္ဂလားဒေ့ရှ်ကို ဒီနှစ်မကုန်ခင် ကျိန်းသေပေါက် ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်သူ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်ဟာ ကျန်းမာရေးကိစ္စ အကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။