Connect with us

Hi, what are you looking for?

သတင်း

မြေမြှုပ်မိုင်းက ရှမ်းမြောက်ဒေသခံတွေကို အကြီးမားဆုံးခြိမ်းခြောက်နေဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်းပြဿနာက ဒေသခံတွေရဲ့ ‌နေ့စဉ်ဘဝအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်နေပြီး နောင်ချိုမြို့ဟာ မိုင်းကြောင့်ထိခိုက်မှုအများဆုံးဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ-၁၅၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်းပြဿနာက ဒေသခံတွေရဲ့ ‌နေ့စဉ်ဘဝအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်နေပြီး နောင်ချိုမြို့ဟာ မိုင်းကြောင့်ထိခိုက်မှုအများဆုံးဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)က ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုတွေကြောင့် အရပ်သားတွေထိခိုက်မှုနဲ့ပတ်သက်ပြီး TWOက ဒီနေ့ စက်တင်ဘာ ၁၅ရက်မှာ ထုတ်ပြန်တာဖြစ်ပါတယ်။

၂၀၂၆ ဇန်နဝါရီကနေ သြဂုတ်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အသုံးပြုပြီး မပေါက်ကွဲသေးတဲ့ စစ်လက်နက်ကြွင်းကျန်ပစ္စည်းတွေနဲ့ မြေမြုပ်မိုင်း ပေါက်ကွဲမှု ၄၅ ကြိမ်ဖြစ်ခဲ့ပြီး ကလေး ၃ဦးအပါအဝင် ၇ ဦးသေဆုံးကာ၄၂ဦးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

မိုးမိတ်၊ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ တန့်ယန်း၊ သိန္နီ၊ ကွတ်ခိုင်၊ ‌မူဆယ်နဲ့နမ့်ခမ်းမြို့နယ်တွေမှာလက်လှမ်းမှီသလောက် ကောက်ယူထားတဲ့အချက်အလက်တွေဖြစ်တယ်လို့TWOက အသိပေးထားပါတယ်။

မြေမြှုပ်မိုင်းဟာ ဒေသခံတွေရဲ့ ‌နေ့စဉ်ဘဝအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်နေပြီး နောင်ချိုမြို့နယ်ဟာ မိုင်းကြောင့်ထိခိုက်မှုအများဆုံး မြို့နယ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။မြေမြှုပ်မိုင်းတွေကို စိုက်ပျိုးရေးခြံတွေ၊ တောင်ယာစိုက်ခင်းနဲ့ လယ်ယာတွေ၊ လူနေအိမ် ခြံဝန်းတွေအပြင် အများပြည်သူ

သွားလာတဲ့ လမ်းမကြီးတွေ၊ စာသင်ကျောင်း ပရဝုဏ်အတွင်းတွေမှာတွေ့ရပြီး အဲဒီနေရာတွေမှာအများဆုံး ပေါက်ကွဲနေတယ်လို့ ဆိုပါတယ်။

TWO ထုတ်ပြန်ချက်မှာ မပါဝင်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာလည်း မိုင်းပေါက်ကွဲမှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေမကြာခဏရှိနေပါတယ်။

သီပေါမြို့နယ်ဟာ မိုင်းပေါက်ကွဲမှုမကြာခဏဖြစ်ပြီး ၂၀၂၆ အတွင်း အရပ်သား ၅ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” ကလေးတွေကို ကျောင်းကိုလွှတ်ရတာတောင်စိတ်မချဘူး။ စာသင် ကျောင်းခြံထဲမှာ မိုင်းတွေရှိနေတာကို ရှင်းမပေးကြသေးဘူး”လို့ ကျောက်မဲမြို့ခံတစ်ဦးက ပြောပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နဲ့အာရက္ခတပ်တော်(AA)တို့ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၂၀၂၃ အောက်တိုဘာ ၂၇ရက်မှာ ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ် ထိန်းချုပ်ထားတဲ့မြို့တွေကို တိုက်ခိုက်သိမ်းယူခဲ့ပြီး တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။

MNDAA က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္နီ၊ တာမိုးညဲ၊ ပန်ဆိုင်း မြို့တွေကိုသိမ်းပိုက်ခဲ့ပါတယ်။ တရုတ်အစိုးရရဲ့ ဖိအားကြောင့် လားရှိုးမြို့ကို ၂၀၂၅ ဧပြီလမှာ စစ်တပ်ထံ ပြန်လွှဲပေးခဲ့ရပါတယ်။

TNLAက သီပေါ၊ ကျောက်မဲ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်းနဲ့မိုင်းငေါ့မြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။ နောင်ချို၊ သီပေါ၊ ကျောက်မဲ၊မိုးမိတ်၊ မိုးကုတ်မြို့တွေကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်သွားပါတယ်။ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့အဲဒီမြို့နယ်တွေမှာ မြေမြှုပ်မိုင်းနဲ့စစ်ကျန်လက်နက်ပြဿနာ ကြီးမားနေတယ်လို့ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာလည်း ဒေသတွင်းနိုင်ငံရေးနဲ့စစ်ရေးအခြေအနေဟာ မတည်ငြိမ်သေးဘဲ TNLAနဲ့ MNDAA ထိန်းချုပ်ထားတဲ့ မြို့တွေကိုစစ်တပ်က ပြန်တောင်းနေပါတယ်။

TNLAနဲ့ MNDAAကလည်း ထိန်းချုပ်ထားတဲ့မြို့တွေမှာ အုပ်ချုပ်ရေး ယန္တရားတတည်ဆောက်နေပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ လေကြောင်းက ကင်းထောက်နေမှုတွေနဲ့ စစ်အင်အားတိုးချဲ့မှုတွေရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-နမ့်ခမ်းလမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်က ရဲဘော် ၁ဦး ပစ်ခတ်ခဲ့လို့ ယာဉ်မောင်း ၁ဦး ဒဏ်ရာရတဲ့အပေါ် ဒေသခံတွေက ဆန္ဒပြခဲ့သလို ဂိတ်ရှိ တဲအချို့ကိုဖျက်ဆီးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၉) နယ်မြေ ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဩဂုတ် ၁၄ရက်မှာ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။

Facebook