Connect with us

Hi, what are you looking for?

သတင်း

၀က်လက်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းရ

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - People's Servant Revolution - Wetlet

စက်တင်ဘာ-၂၀၊၂၀၂၆။ဇော်၀င်း/People’s Spring

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

၇လတာစစ်ဆင်ရေးအရ ၂၀၂၅ ဒီဇင်ဘာကနေ ဇူလိုင်လကုန်အထိ စစ်တပ်ရဲ့တပ်မ (၃၃)၊ခြေမြန်တပ်ရင်း ခမရ (၁၂) ၊ခမရ(၁၃)တပ်ရင်းနဲ့ မင်းကွန်းပြည်သူ့စစ်အဖွဲ့ ပူးပေါင်း အင်အား ၃၀၀ ၀န်းကျင်ရှိတဲ့စစ်ကြောင်းနဲ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်တပ်က ၁၀၀ ကျော် ထိခိုက်သေဆုံးနိုင်ပြီး ဂျမ်ဘာကား ၁စီးကိုဖျက်ဆီးခဲ့ကာ ကား ၄စီးသိမ်းဆည်းရရှိတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒရုန်း ၂စီးပစ်ချနိုင်ခဲ့ပြီး လက်နက်ခဲယမ်းမြောက်တွေလည်း သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

အမှတ်(၂)ရွှေဘိုခရိုင်စစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ အမှတ် (၁၊၂၊၃၊၄၊၅၊၁၅၊၁၇၊၁၈၊၂၃၊၉၇၀၆)တပ်ရင်းတွေ

၊၁၂၂၂ဗျူဟာ၊ အမှတ် ၉၇၀၈တပ်ဖွဲ့၊အမှတ်(၂)ရွှေဘိုခရိုင် ဒရုန်းတပ်ဖွဲ့၊ဝက်လက်မြို့နယ် ပကဖတို့ပူးပေါင်းပြီး ခုခံစစ်ကနေ ထိုးစစ်အသွင်ပြောင်းပြီး တိုက်ပွဲတွေဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

“ခြေသံလုံလုံနဲ့ ကျွန်တော်တို့ တိုက်ခဲ့တာတွေပါ။အခုချိန်ထိလည်း အချိန်မရွေးထပ်ဖြစ်နိုင်တယ်”လို့ ၀က်လက်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းက ဧရာဝတီမြစ်ကမ်းဘေးက ထုံးဘို၊ရှားကွဲရေဂမိုး၊ရွာသစ်၊လှေပို့ဆိပ်၊သစ်ဆိမ့်ကျေးရွာတွေမှာ လက်တလောအချိန်ထိ တပ်စွဲထားတယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် စစ်တပ်က ပြည်သူပိုင်ပစွည်းတွေကို ရေကြောင်းက‌နေ သယ်ထုတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလည်း စစ်တပ်က လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

စစ်ရေးအခြေအနေကြောင့် ‌ဝက်လက်မြို့နယ်အရှေ့ခြမ်း အမှတ်(၃)လမ်းပိုင်းကို အသုံးပြုတဲ့ခရီးသွားပြည်သူတွေအနေနဲ့ဂရုတစိုက်သွားလာကြဖို့လည်း ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းကတိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။