Connect with us

Hi, what are you looking for?

LuduNwayOo

News

ခရစ္စမတ်နေ့တွင် ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီယာဉ်တန်းများ သုံးကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံရ

ထားဝယ်-မြိတ်အဝေးပြေးလမ်းမပေါ်ရှိ သရက်ချောင်းမြို့နယ်တွင် စစ်ကား လေးစီးယာဉ်တန်းကို ယမန်နေ့ည ၁၀နာရီခန့် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများက နေအိမ်အချို့မီးရှို့ဖျက်ဆီး ခဲ့ကြောင်း ဒေသခံများက ပြောဿည်။

(ယမန်နေ့ညက သရက်ချောင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်နေရာကို တွေ့ရစဥ်)

ခရစ္စမတ်နေ့တွင် ထားဝယ်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းများကို သုံးကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံများက ပြောသည်။

ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်လေးခုအနက် သရက်ချောင်းမြို့နယ်တွင် နှစ်ကြိမ်နှင့် ရေဖြူမြို့နယ်တွင် တစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်များအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရမူများရှိသော်လည်း အသေးစိပ်ကို မသိရှိရဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ထားဝယ်-မြိတ်အဝေးပြေးလမ်းမပေါ်ရှိ သရက်ချောင်းမြို့နယ်တွင် စစ်ကား လေးစီးယာဉ်တန်းကို ယမန်နေ့ည ၁၀နာရီခန့် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများက နေအိမ်အချို့မီးရှို့ဖျက်ဆီး ခဲ့ကြောင်း ဒေသခံများက ပြောဿည်။

Public Service Announcement

Public Service Announcement

“ည ၁၀ နာရီခွဲလောက်မှာ မိုင်းကွဲသံတွေကော၊ သေနတ်သံတွေကော ကြားရတယ်၊ ဖြစ်တဲ့နေရာက ရွာချင်းဆက်နေတဲ့ လမ်းမကြီးဆိုတော့ လမ်းဘေးကရွာတွေကို စစ်သားတွေက သေနတ်တွေနဲ့ လိုက်ပစ်နေ ကြတယ်။ လူတွေကတော့ ကြောက်လန့်ပြီး အိမ်ထဲက ထွက်မကြည့်ရဲကြဘူး”ဟု သရက်ချောင်းဒေသခံတစ်ဦးက ပြောသည်။

ထိုပေါက်ကွဲမှုအပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများက အဝေးပြေးလမ်းမဘေးရှိ ကျေးရွာများကို အကြမ်းဖက်ဝင်ရောက်စစ်ဆေးခြင်း၊ ရွာသားများကို ရိုက်နှက်နှင့် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် သရက်ချောင်းမြို့နယ်အဝင်အထွက်ကို စစ်ကောင်စီတပ်သားများက လုံခြုံရေးတင်းကြပ်ထားသည်ဟု ဒေသခံများက ပြောသည်။

ထိုအတူ သရက်ချောင်းမြို့နယ် ပိန်းတောရွာတွင်လည်း ဒီဇင်ဘာ ၂၅ရက် မွန်းလွဲ ၃နာရီခန့်က အကြမ်းဖက် စစ်ကောင်စီ စစ်ကားနှစ်စီးကို ဒေသခံကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သို့သော် မိုင်းဆွဲရာတွင် လွဲချော်သွားသည့်အတွက် စစ်ကားများ ထိခိုက်မူကြီးကြီးမားမားမရှိခဲ့ဟုလည်း ဒေသခံများက ပြောသည်။

ထိုပြင် ရေဖြူမြို့နယ်တွင်လည်း ခ.မ.ရ (၄၀၈)ကလိန်အောင် တပ်ရင်းမှ သင်တန်းဆင်း ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ရေဖြူပြည်သူကာကွယ်ရေးတပ်ဖွဲ့ ( YPDF-Dynamite )က ဒီဇင်ဘာ ၂၅ ရက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။