Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီး – မြင်းခြံလမ်းပိုင်း စစ်တပ်စစ်ကြောင်းထိုး၊ ကျေးရွာတွေ အိမ်ထောင်စုစာရင်း ကောက်ယူ

တံတားဦးလေတပ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းတွေ နွားထိုးကြီးမြို့နယ်အတွင်းဝင် ရောက်ကာ နွားထိုး- မြင်းခြံလမ်းပိုင်းက ကျေးရွာတချို့ကို ဝင်ရောက် တပ်စွဲပြီး အိမ်ထောင်စုစာရင်း ကောက်ယူနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

(မြင်းခြံမြို့နယ်ကို စစ်တပ်က စစ်ကြောင်းထိုးပြီး နေအိမ်တွေ မီးရှို့နေတာကို ၂၀၂၅က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

စက်တင်ဘာ၂၁-၂၀၂၆။ကတ်သရင်း/ People’s Spring

တံတားဦးလေတပ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းတွေ နွားထိုးကြီးမြို့နယ်အတွင်းဝင် ရောက်ကာ နွားထိုး- မြင်းခြံလမ်းပိုင်းက ကျေးရွာတချို့ကို ဝင်ရောက် တပ်စွဲပြီး အိမ်ထောင်စုစာရင်း ကောက်ယူနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စက်တင်ဘာ ၁၀ ရက်က စစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အင်အားအများအပြားနဲ့ နွားထိုးကြီးမြို့နယ်ဘက်ကိုစစ်ကြောင်းထိုးခဲ့တာလို့ သိရပါတယ်။

အဲဒီနောက် ခံတပ်ကုန်းနဲ့ ဖောင်ချဉ်းကျေးရွာက နေအိမ်တချို့ကို မီးဝင်ရှို့ခဲ့ပြီး နွားထိုး- မြင်းခြံလမ်းဘက်က ကျေးရွာတွေကို ဝင်ရောက်တပ်စွဲကာ အိမ်ထောင်စုစာရင်း ကောက်ယူတာ တွေပါပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ပေါ်တာကိစ္စ တွေပါလာတယ်ထင်တာပဲ။အဓိက နွားထိုး- မြင်းခြံလမ်းပိုင်းကိုပဲထိုး နေတာ။နနွင်း တော်ဘိုးရွာကို အင်အား၂၀၀ လောက် ရောက် နေတာ တော့သုံးရက် လောက်ရှိပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၁၀ရက်က တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း လတ်တလော တိုက်ပွဲဖြစ်သံတွေငြိမ် နေပြီး စစ်တပ် စစ်ကြောင်းတွေကတော့ ဒီလမ်းပိုင်းတွေမှာ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လေယာဉ်နဲ့ကြဲချတဲ့ ဗုံးတွေထုတ်လုပ်နေတဲ့ ဆိပ်ဖြူမြို့နယ်က အဓိကလမ်းပိုင်းတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက် စစ်တပ်စစ်ကြောင်းထိုးနေပြီးတော်လှန်ရေးတပ်တွေနဲ့ စစ်ဆိုင်ထားတယ်လို့ ဗျူဟာအမှတ်(၂၃) ပဲခူးတိုင်းစစ်ဌာန တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းထိပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။