Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာမြို့က စစ်တပ်အနီး အိုးဝေသမား လုယက်ခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

(မိတ္ထီလာမြို့တွင်းတနေရာကို တွေ့ရစဥ်။ ဓါတ်ပုံံ-CJ)

စက်တင်ဘာ ၂၂၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

မနေ့က စက်တင်ဘာ ၂၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်က မိတ္ထီလာမြို့၊ ဘူတာဟောင်းအနီးမှာ ခရီးသည်စောင့်ဆိုင်းနေတဲ့ မီနီအိုးဝေယာဉ်ကို အသက် ၁၈ နှစ်ဝန်းကျင် လူငယ် ၃ဦး ရောက်ရှိလာပြီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က ဒေသအခေါ်အမေကြီးအိုကွေ့အနီးထိ လိုက်ပို့ပေးဖို့ ငှားရမ်းခဲ့ကြောင်း သိရပါတယ်။

​အဆိုပါ အမေကြီးအိုကွေ့အရောက်မှာ အိုးဝေကို ရပ်ခိုင်းပြီးနောက် ငှားရမ်းလာတဲ့ လူငယ်တွေက အိုးဝေသမားကို စကေဘာ (သုံးမြှောင့်သံချွန်)နဲ့ ထိုးနှက်ကာ လုယက်ခဲ့ကြကြောင်း၊ အိုးဝေသမားက ပြန်လည်ခုခံခဲ့သလို အနီးအနားကို လူတွေ ရောက်ရှိလာတာကြောင့် ပြစ်မှုကျူးလွန်သူ လူငယ် ၃ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

” အလုခံရတဲ့ အမေကြီးအိုကွေ့ဆိုတာ စစ်ဆေးရုံလမ်းဆုံကနေရှေ့နည်းနည်းပဲသွားရတယ်။ ခမရ ၃၁၅၊အမတ၃၂၀၊ ၅၀၀၁ သံချပ်ကာ တပ်သုံးခုဆုံတဲ့နေရာပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီလုယက်မှုကြောင့် အိုးဝေသမားမှာ လည်ပင်း၊ လက်မောင်းနဲ့ ဝမ်းဗိုက်တို့မှာ ဒဏ်ရာတွေ ရရှိခဲ့ပြီး စမတ်ဖုန်းတစ်လုံး၊ ကျပ် ရှစ်သောင်းနဲ့ လိုင်စင်စာရွက်စာတမ်းအချို့ ပါသွားခဲ့ကြောင်း သိရပါတယ်။

မိတ္ထီလာမြို့မှာ လေတပ်စခန်းဌာနချုပ်၊ တပ်မ (၉၉) ခြေလျင်တပ်မဌာနချုပ် (တမခ ၉၉)၊ အမှတ်(၇၀၇)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၁) ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပိုဆောင်ရေးတပ်ရင်း (ရထပ-၁) အပါအဝင် အထူးစစ်ဆင်ရေးဆိုင်ရာ ထောက်ပိုတပ်ဖွဲများအပါအဝင် စစ်ကောင်စီတပ်တွေ အများအပြား အခြေစိုက်ထားတာကြောင့် လုံခြုံရေးအထူးတင်းကြပ်ထားပေမဲ့ လုယက်မှုတွေ ​ဖြစ်ပွားနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်ရှိ ယာယီဖွင့်လှစ်ထားတဲ့ သားဖွားဆေးရုံကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်၊ အမျိုးသမီးအပါအ၀င် ၄ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်တပ်က စာသင်ကျောင်း ၃ ကျောင်းအနီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သက်ကြီးရွယ်အို ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းကြောင့် (၁၀)နှစ်အရွယ်ကလေး ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်နဲ့ ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာအနီး ယိုးချောင်းတံတားတို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံပြည်သူ​ ၁၀ ဦးထက်မနည်း​သေဆုံးပြီး ဒဏ်ရာရသူ​တွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။