Connect with us

Hi, what are you looking for?

သတင်း

ကသာမြို့ကို စစ်တပ်ဗုံးကြဲ၊ သီလရှင် ၁ပါး ကွယ်လွန်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို စစ်တပ်ကလေကြောင်းကနေ ထပ်မံဗုံးကြဲနေတဲ့အပြင် ကသာမြို့မှာလည်း ဗုံးကြဲလို့ သီလရှင်တစ်ပါး ကွယ်လွန်ခဲ့ပါတယ်။

(စက်တင်ဘာ ၂၃ရက်က အင်းတော်မြို့နယ်ကို စစ်တပ် ဗုံးကြဲလို့ မီးလောင်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

‌စက်တင်ဘာ၂၄၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို စစ်တပ်ကလေကြောင်းကနေ ထပ်မံဗုံးကြဲနေတဲ့အပြင် ကသာမြို့မှာလည်း ဗုံးကြဲလို့ သီလရှင်တစ်ပါး ကွယ်လွန်ခဲ့ပါတယ်။

မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ဆက်စပ်တဲ့ အင်းတော်မြို့နယ်က မဲဇာ၊စက်တောကုန်း၊ နန့်သဲ၊ သံဘိုနဲ့ နောင်မိုးကျေးရွာတွေကို စက်တင်ဘာ ၂၃ရက် မနက် ၁၁နာရီခွဲခန့်မှာ စစ်‌တပ်က Y-12နဲ့ ဗုံးကြဲပြီး ညနေမှာလည်း တံခွန်တိုင်ကျေးရွာသစ်ကို ထပ်မံ ဗုံးကြဲခဲ့ပါတယ်။

” အင်းတော်ကို ညနေ ၄နာရီ ၄၅မိနစ်မှာ ထပ်ကြဲတာ။ ပြီးတော့ အဲ့ဒီ လေယာဉ်က ကသာကို ညနေ ၅နာရီမှာ ထပ်ကြဲတာ။ ကသာမြို့နယ်၊ ညောင်ခြေထောက်ဘုန်းကြီးကျောင်းကိုကြဲလို့ သီလရှင်တစ်ပါးကွယ်လွန်တယ်။ ပြီးတော့ အခုမနက်လည်း လေယာဉ် ထပ်ဝဲနေတယ်”လို့ ကသာမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ၂၃ရက် မနက်က အင်းတော် မြို့နယ်ကို ဗုံးကြဲတဲ့ ဖြစ်စဉ်မှာ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့သိရပါတယ်။ဒေသခံတွေ ပိုင်ဆိုင်တဲ့ စက်သုံးဆီဆိုင်တွေကို ကြဲချလို့ ဆီကားတချို့မီးလောင်ခဲ့သလို သေဆုံးသူ ၂ဦးက ယာဉ်မောင်းနဲ့ယာဥ်နောက်လိုက်ဖြစ်တဲ့လို့ ဒေသခံတွေက ပြောပါတယ်။

” ဒဏ်ရာရလို့ ဆေးကုနေတဲ့ဆယ်ဦးကလည်း စိုးရိမ်နေရဆဲပဲ။ အရေးပေါ်ကုနေရတာပါ။ အ‌ခြေအနေတွေက အရမ်းကြောက်ဖို့ကောင်းတယ်”လို့ အင်းတော်မြို့ခံ အမျိုးသမီးတစ်ဦးက ဒီနေ့စက်တင်ဘာ၂၄ရက် မနက်ပိုင်းမှာ

ပြောပါတယ်။

အင်းဝောာ်နဲ့ ရွှေဘိုမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်နဲ့ဗုံးလာကြဲသွားတာလို့ မြို့ခံတွေက ပြောပါတယ်။

အင်းတော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကျောင်းသားတပ်မတော်( ABSDF)နဲ့PDF ပူးပေါင်းတပ်တွေက ၂၀၂၅ ဧပြီလ၇ရက်မှာသိမ်းယူခဲ့တာပါ။

၂၀၂၆ ဧပြီမှာ စစ်တပ်စစ်ကြောင်းတွေပြန်ဝင်လာပြီး မြို့ပေါ်ကိုပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ဘေးပတ်ဝန်းကျင်ရွာတွေမှာ တိုက်ပွဲတွေဆက်ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇွန်လကုန်မှာ နဘားလမ်းဆုံအပါအဝင် အင်းတော်၊ မော်လူးနဲ့ ကသာမြို့အနီးက စစ်တပ် တပ် စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစစ်တပ် စစ်ကြောင်းတွေပြန်လည်ဆုတ်ခွာသွားပါတယ်။

အင်းတော်နဲ့ဆက်စပ်နေတဲ့ ကသာမြို့မှာလည်း စစ်တပ်က မြို့ပေါ်မှာပဲတပ်စွဲထားနိုင်ပြီး ဘေးပတ်ဝန်းကျင်ရွာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားပါတယ်။

စစ်တပ်က ယခုရက်ပိုင်းမှာ စစ်ကိုင်းတိုင်းနဲ့ ဆက်စပ်နေတဲ့ ကချင်ပြည်နယ်ထဲက ရွှေကူ၊ရှမ်းပြည် မြောက်ပိုင်းက မဘိမ်းမြို့နယ်ထဲကို လေကြောင်းကနေ မကြာခဏတိုက်ခိုက်နေပါတယ်။ စက်တင်ဘာလလယ်က ဖြစ်ပွားခဲ့တဲ့ ရွှေကူမြို့နယ်ကတိုက်ပွဲတွေမှာ စစ်တပ် အထိနာခဲ့တဲ့အတွက် အရပ်သားတွေကိုပစ်မှတ်ထားပြီးဗုံးကြဲနေတာလို့ ဒေသခံတွေကပြောပါတယ်။

KIAကတော့ လက်ရှိစစ်ရေး တင်းမာနေတဲ့ဒေသတွေအပြင် အရပ်သားနေရာတွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နိုင်တဲ့အတွက် လေကြောင်းအန္တရာယ်သတိပြုကြဖို့ သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook