Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ​တော်သလင်းလပြည့်​နေ့မှာ ဂွမြို့နယ်ရှိဘုန်းကြီးကျောင်းနဲ့ လူနေရပ်ကွက်ကို ဗုံးကြဲ ပြည်သူ ၃ ဦးဒဏ်ရာရ

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ဘုန်းကြီး​ကျောင်းကိုဗုံးကြဲခံရပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-Dwayarwady Regional Information Centre )

စက်တင်ဘာ ၂၆၊၂၀၂၆၊ ခိုင်မြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုဒ္ဓဘာသာဝင်​တွေ ဥပုသ်သီလ ယူကြတဲ့တော်သလင်းလပြည့်​​​​နေ့ မနက်အစောပိုင်း ၁ နာရီကျော်အချိန်လောက်မှာ စစ်တပ်ကကျိန္တလီမြို့ပေါ်နဲ့ ရေကျော်ရွာဘုန်း တော်ကြီးကျောင်းတို့ကို တပြိုင်နက်တည်း ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

ဗုံးကြဲမှုကြောင့် ကျိန္တလီမြို့ အမှတ်( ၂) ရပ်ကွက်မှ ဦးဆန်းမြင့်နေအိမ်အနီးကို ကျရောက်ပေါက်ကွဲပြီး အသက် ၇၄ နှစ်အရွယ် ဒေါ်မြင့်မြင့်၊ ၄၅နှစ်အရွယ် ဒေါ်ခင်သီတာဆန်းနဲ့ ၄၅ နှစ်အရွယ် ဦးမိုးလွင်တို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကာ နေအိမ် ၁၃ လုံးလည်းပျက်စီးခဲ့တယ်လို့​ဒေသခံ​တွေက​ပြောတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ရေကျော်ကျေးရွာရွာဘုန်းကြီးကျောင်းတခုလုံးလည်း လုံးဝပျက်စီးသွားခဲ့ပြီး လူအထိအခိုက် တော့မရှိဘူးလို့ ဒေသခံအချို့က​ပြောပါတယ်။

“လူအိပ်ချိန်ကြဲတော့ ဗုံးခိုကျင်းတွေ ဘာတွေလည်း ဝင်ဖို့မရလိုက်ကြဘူး။ ဝါတွင်းကာလ ဥပုသ်နေ့တောင် မရှောင် ဘုန်းကြီးကျောင်းကို ဗုံးကြဲတယ်ဆိုတော့ သာသနာပြုမင်းရဲ့ မင်းအောင်လှိုင်ရဲ့ မိုက်ရိုင်းချက်ကတော့ ကမ်းကုန်းနေပြီ” လို့ ဂွဒေသခံတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာရခိုင်ပြည်နယ်တောင်ပိုင်း ကမ်းခြေမြို့တွေဖြစ်တဲ့ သံတွဲနဲ့ဂွမြို့တို့ကို စစ်သ င်္ဘောတွေကနေလက်နက်ကြီးနဲ့ပစ်ခတ်တာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေလည်း မကြာခ ဏ ပြုလုပ်နေပါတယ်။

ရခိုင်ထိုးစစ်အတွင်းရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်ကနေ့စဉ်ဆယ် ချီသေဆုံးမှုရှိနေတဲ့ စစ် တပ်ဟာ အရပ်သားလူ နေကျေးရွာတွေကိုလည်း လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက် တိုက်ပစ်ခတ်နေပါတယ်။

စစ်တပ်ဟာစက်တင်ဘာ၂၅ ရက်​​နေ့ ၊မနက်အစောပိုင်း ၂ နာရီကျော်အချိန်ကလည်း ကျောက်တော်မြို့ပေါ်နဲ့အနီးဝန်းကျင်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရိုဟင်ဂျာကလေးငယ်တွေအပါအဝင် ၈ဦး ထက်မနည်းထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး ရခိုင်ထိုးစစ်အတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်က နေ့စဉ်ဆယ် ချီသေဆုံးမှုရှိနေတဲ့စစ်တပ်ဟာအရပ်သားလူနေကျေးရွာတွေကိုလည်းလေကြောင်း၊လက်နက်ကြီးတွေနဲ့ ဆက် တိုက်ပစ်ခတ်နေတာဖြစ်ပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ စက်တင်ဘာ ၂၆ ရက်နေ့ထိ ၂၃ ရက်တာကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ အရပ် သားပြည်သူ ၉ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၂၀ ဦးထက်မနည်း ရှိ​နေခဲ့ပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook