Connect with us

Hi, what are you looking for?

သတင်း

ချင်း-မကွေးအစပ် နေရာ ၄ခုထက်မနည်း စစ်တပ် ဗုံးကြဲ

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

(အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေစဉ်၊ ရုပ်သံ − Ĥkl Mindat/FB)

စက်တင်ဘာ ၂၆၊ ၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

စက်တင်ဘာ ၂၆ရက်မှာ မင်းတပ်မြို့အနီး၊ ကန်ပက်လက်မြို့နယ်ကကျေးရွာတစ်ရွာ၊ကန်ပက်လက်မြို့နယ် ကျင်ဒွေးဒေသ ၊မကွေးတိုင်း ဆောမြို့နယ်ကျောက်ထုနဲ့ထီးလင်းမြို့နယ် အစပ်နေရာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်ဟာ ရှေ့တန်းနေရာတွေကို လေကြောင်း တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း မင်းတပ်မြို့နယ် ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မင်းတပ်မြို့အနီးကို စစ်တပ်က ဒီကနေ့ ညနေပိုင်းမှာ တိုက်လေယာဉ် ၅စီးနဲ့ ၁ကြိမ် ဗုံး ၂လုံး နဲ့ ၁၀ကြိမ် ကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Y12 လေယာဉ်နဲ့လည်း ၁ကြိမ် ဗုံး ၈လုံးနှုန်းနဲ့ ၂ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်ဒေသခံက အသိပေးပါတယ်။

ကျင်ဒွေးဒေသ တနေရာကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့သလို ကျောက်ထု-ထီးလင်း အစပ်နေရာကိုလည်း တိုက်လေယာဉ် ၂စီးနဲ့ ၄ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

ကန်ပက်လက်မြို့နယ် လူသားစာနာ ဘေးစီမံဌာနကလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု သတင်းကို ထုတ်ပြန်ထားရာ ဒီကနေ့ နေ့လည်ပိုင်းမှာ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး ဒဏ်ရာရပြီး နေအိမ် ၅လုံး ပျက်စီးကာ အခြားနေအိမ်ပျက်စီးမှုများလည်း ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လေကြောင်း သတိရှိကြဖို့၊ ပုန်းခိုကျင်းတွေ မဖြစ်မနေ တူးထားကြဖို့လည်း ကန်ပက်လက်မြို့နယ် လူသားစာနာ ဘေးစီမံဌာနက မေတ္တာရပ်ခံထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ချင်း-မကွေး အစပ်ဒေသတွေကို စစ်အင်အားဖြည့်တင်းပြီး ချင်းတောင်ပိုင်းဒေသတွေ ဖြစ်တဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းလျက်ရှိရာ မေလက စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း စစ်တပ်က အင်အားတွေ ဖြည့်တင်းနိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook