Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်နဲ့ ကျူးဘားအပေါ် အမေရိကန် ဖိအားပေးမှုကို UN မိန့်ခွန်းမှာ တရုတ် ဆန့်ကျင်သွား

အီရန်နဲ့ ကျူးဘားတို့အပေါ် အမေရိကန်က ဖိအားပေးနေမှုတွေကို တရုတ်က ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ဆန့်ကျင်သွားခဲ့ပါတယ်။

ဓာတ်ပုံ - AFP

အီရန်နဲ့ ကျူးဘားတို့အပေါ် အမေရိကန်က ဖိအားပေးနေမှုတွေကို တရုတ်က ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ဆန့်ကျင်သွားခဲ့ပါတယ်။

အမေရိကန်ကို တိုက်ရိုက် နာမည် မတပ်ပေမယ့် စက်တင်ဘာ ၂၆ ရက်နေ့ မိန့်ခွန်းမှာ တရုတ် ဒုတိယ သမ္မတ ဟန်ကျန်းက အီရန်နဲ့ ကျူးဘားတို့ ကြုံနေတဲ့ အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး အဲဒီ နိုင်ငံတွေဖက်က ရပ်တည်ကြောင်း ပြောကြားသွားပါတယ်။

အီရန်ဟာ အမေရိကန်နဲ့ ၇ လလောက်ကြာအောင် စစ်ပွဲဖြစ်ပွားနေပြီး ကျူးဘားကတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဘက်ပေါင်းစုံက ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေနဲ့ ရုန်းကန်နေရပါတယ်။

တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ အခုသီတင်းပတ်ထဲမှာ ဝါရှင်တန်ဒီစီကို လာရောက်ပြီး ထရမ့်နဲ့ တွေ့ဆုံခဲ့ပေမယ့် နယူးယောက်မှာတော့ UN ညီလာခံကို မတက်ရောက်ခဲ့ပါဘူး။ ဒါကြောင့် တရုတ် အစိုးရကိုယ်စား ညီလာခံမှာ ဟန်ကပဲ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အဓိက အင်အားကြီး နိုင်ငံတွေက ပိုပြီးတော့တောင် တာဝန်ယူမှု ရှိသင့်ကြောင်း၊ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ လုပ်ကိုင် ဆောင်ရွက်သင့်ကြောင်း၊ တရားဥပဒေကို လေးစားလိုက်နာပြီး မှန်တဲ့အရာကိုပဲ လုပ်သင့်ကြောင်း ဟန်က ပြောပါတယ်။

တရုတ်ရဲ့ ရပ်တည်ချက်ကတော့ ပင်လယ်ကွေ့ ဒေသ အပါအဝင် အရှေ့အလယ်ပိုင်းမှာ နိုင်ငံတိုင်းရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနဲ့ လုံခြုံရေးအပေါ် လေးစားရမယ် ဆိုတာပဲဖြစ်ကြောင်း သူက ဆိုပါတယ်။

ကျူးဘားကိစ္စနဲ့ ပတ်သက်လို့လည်း ကျူးဘားအပေါ် အင်အားသုံး ခြိမ်းခြောက်နေတာတွေကို ချက်ချင်းရပ်ဖို့၊ ပိတ်ဆို့မှုနဲ့ အရေးယူမှုတွေကို ချက်ချင်း ဖယ်ရှားပေးဖို့ သက်ဆိုင်ရာ နိုင်ငံတစ်ခုကို တရုတ်က တောင်းဆိုကြောင်း သူက ဆက်ပြောပါတယ်။

အမေရိကန်ရဲ့ ပြင်းထန်တဲ့ ဘက်ပေါင်းစုံ ပိတ်ဆို့မှုတွေကြောင့် လဆန်းပိုင်း ကတည်းက ကျူးဘားရဲ့ လျှပ်စစ်ဓာတ်အားပေး ကွန်ရက်ဟာ လုံးဝ ရပ်တန့်သွားပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ လျှပ်စစ်မီး မရကြတော့ဘဲ ဖြစ်နေပါတယ်။ ထရမ့်ကတော့ ကျူးဘားဟာ မကြာခင် ပြိုလဲသွားလိမ့်မယ်လို့ မှတ်ချက်ပေးထားပါတယ်။

ဝါရှင်တန်မှာ ရှီနဲ့ တွေ့ဆုံတဲ့အခါ တရုတ်အနေနဲ့ အီရန်ကို အကူအညီ မပေးဖို့ ထရမ့်က တောင်းဆိုခဲ့ပြီး ရှီကလည်း အဲဒီကိစ္စအတွက် အာမခံ ကတိပေးခဲ့ကြောင်း တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။

ဟန်ကတော့ ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ၊ နိုင်ငံအားလုံးဟာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ အခွင့်အရေး တူညီတဲ့ အဖွဲ့ဝင်တွေအဖြစ် ခံယူထားကြောင်း၊ ဒါကြောင့် ကမ္ဘာ့ရေးရာ ကိစ္စတွေမှာ အပြန်အလှန် ဆွေးနွေး ညှိနှိုင်းမှုတွေနဲ့ အဖြေရှာ ဆောင်ရွက်သင့်ကြောင်း UN မိန့်ခွန်းမှာ ထည့်ပြောသွားခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ ခရီးစဉ် ပြီးဆုံးတဲ့နောက် တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ စက်တင်ဘာ ၂၅ ရက် ညနေပိုင်းမှာ ပြန်လည် ထွက်ခွာခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို တစ်ပတ်အတွင်း ပြန်ဖွင့်ပေးမယ့် ကမ်းလှမ်းမှု တစ်ခုကို အမေရိကန်ဆီ ပေးပို့ထားကြောင်း အီရန် အစိုးရက ပြောပါတယ်။

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

နိုင်ငံတကာ

အီရန်နဲ့ စစ်ပွဲကို တကယ်ပဲ ရပ်တန့်ချင်သလား ဆိုတာကို အမေရိကန်ကသာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ အီရန် သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းက ပြောကြားခဲ့ပါတယ်။

Facebook