စက်တင်ဘာ ၂၈၊ ၂၀၂၆။ဟာနာဆန်/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့၊ မီးသတ်ရုံးဘေးက အေးမြသီတာစျေး မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်းနဲ့ ပွဲရုံတွေ မီးထဲပါသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က စက်တင်ဘာ ၂၇ ရက် ည ၈ နာရီခန့်က မြင်းခြံမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ အေးမြသီတာစျေး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နာရီဝက်ခန့် လောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်းတွေနဲ့ ငရုတ်၊ ကြက်သွန် အစရှိတဲ့ ပွဲရုံတန်းတွေ မီးထဲပါသွားကြောင်း ဒေသခံအချို့က ပြောပါတယ်။
“တစ်ရုံလုံး ကုန်တာ။ မီးသတ်ရုံးကလည်း စျေးနဲ့ ကပ်ရပ်ပဲ”လို့ မြင်းခြံဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
မီးလောင်ကျွမ်းရတဲ့အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးခဲ့တဲ့ ဆိုင်ခန်းအရေအတွက် မသိရသေးပါဘူး။
မြင်းခြံမြို့နယ်ဟာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲမကြာခဏ ဖြစ်ပွားနေတဲ့ဒေသဖြစ်ပြီး မြို့ပေါ်မှာလည်း စစ်မှုထမ်းခေါ်ယူတာတွေရှိနေတဲ့အတွက် ပြပြည်သူတွေဟာ လုံခြုံရေးစိုးရိမ်နေရတဲ့အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။


















































