Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီတိုင်းရေဘေး သေဆုံးသူ ထပ်တိုး၊ လောင်းလုံးမှာရုပ်အလောင်း၉ခုထပ်တွေ့

တနင်္သာရီတိုင်းရေဘေးမှာ‌ဒေသတချို့ရေပြန်ကျစဉ် ရုပ်အလောင်းတွေပေါ်လာလို့ သေဆုံးသူအ​ရေအတွက်ထပ်တိုးလာ​နေပြီး လောင်းလုံးမြို့နယ်မှာဒီနေ့ညနေပိုင်းကရုပ်အလောင်း ၉ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။

(​လောင်းလုံမြို့နယ် ၊ကဒတ်ငယ်ရွာမှာ မိုးကြီး​​မြေပြိုပြီး​နောက် ရုပ်အလောင်း ၁လောင်းကိုထုတ်ယူ​နေစဥ်။ဓါတ်ပုံ-ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ထားဝယ်၊ ဒေသခံ)

စက်တင်ဘာ-၂၈၊၂၀၂၆။အိမ်သွင်/People’s Spring

တနင်္သာရီတိုင်းရေဘေးမှာ‌ဒေသတချို့ရေပြန်ကျစဉ် ရုပ်အလောင်းတွေပေါ်လာလို့ သေဆုံးသူအ​ရေအတွက်ထပ်တိုးလာ​နေပြီး လောင်းလုံးမြို့နယ်မှာဒီနေ့ညနေပိုင်းကရုပ်အလောင်း ၉ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။

လောင်းလုံးမြို့နယ်၊ ကဒက်ငယ်ကျေးရွာမှာ ရုပ်အလောင်း ၇ လောင်းနဲ့ ကဒက်ကြီးကျေးရွာမှာ ၂ လောင်းတွေ့ရှိပြီး ပျောက်ဆုံးနေသူတွေလည်းရှိ​နေ​သေးတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တောင်ခြေမှာက ဥယျာဉ်ခြံတွေများတယ်လေ။ပြိုကျနေတာတွေများတယ်။ရှာဖွေကယ်ဆယ်ရေးက အခက်အခဲတွေများတယ်။သေဆုံးသူဦးရေ သေချာပေါက်တိုးလာနိုင်တယ်”လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတဦးကလည်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထားဝယ်ဒေသတစ်ခုလုံး ကျေးရွာပေါင်း ၆၀ ကျော်မှာ ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုဘေး ရင်ဆိုင်နေရပြီး ပျောက်ဆုံးနေသူ ၃၀ ဦးရှိသလို သေဆုံးသူအနည်းဆုံး ၁၇ ဦးရှိကြောင်းအတည်ပြုထားနိုင်တယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

လောင်းလုံးမြို့နယ်မှာ ၁၀ ဦး၊ ထားဝယ်မြို့နယ်မှာ ၂ ဦးနဲ့ သရက်ချောင်းမြို့နယ်မှာ ၁ဦး သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်တယ်လို့ စက်တင်ဘာ ၂၈ ရက်မနက်ပိုင်းထုတ်ပြန်ထားပါတယ်။ ဒေသခံတွေဆီက‌နေ ဒီနေ့ညနေပိုင်းမှာ ထပ်မံသိရတဲ့သတင်းအချက်အလက်တွေအရ လောင်းလုံးမြို့နယ်တစ်မြို့နယ်မှာမှာတင် ရုပ်အလောင်း ၁၂လောင်းအထိ ရှာဖွေတွေ့ရှိထားပြီလို့ သိရပါတယ်။

ဒေသအချို့မှာရေ ပြန်ကျနေပေမယ့်မိုးဆက်လက်ရွာသွန်းမှုနဲ့အတူ တောင်မြေပြိုမှုတွေလည်းရှိနေလို့ အန္တရာယ်ရှိနိုင်တဲ့ နေရာတွေကနေအမြန်ဆုံးရွှေ့ပြောင်းနေထိုင်ကြဖို့လည်း တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းထားပါတယ်။

လက်ရှိအခြေအနေမှာပျောက်ဆုံးသူတွေကို ရှာဖွေကယ်ဆယ်ရေး၊သဘာဝဘေးသင့်ပြည်သူတွေကို ရွှေ့ပြောင်းကယ်ဆယ်ရေးနဲ့ပျက်စီးနေတဲ့ လမ်းတွေရှင်းလင်းနိုင်ရေးတို့အတွက်ထွယ်တာ (Tractor)၊ ဘက်ဟိုး၊ ဘူဒိုဇာ၊ ကရိန်းနဲ့ အခြားစက်ယန္တရားကြီးများ အရေးပေါ်လိုအပ်နေတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

သဘာဝဘေးဒဏ်သင့်ပြည်သူတွေအတွက် အမိုးအကာ၊ စားနပ်ရိက္ခာ၊ရေနဲ့ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ အသိပေးထားပါတယ်။

ထိုင်းနိုင်ငံဘက်က ရွေ့လျားလာတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် တနင်္သာရီတိုင်းမှာ စက်တင်လာလ၂၆ရက်နေ့ကစပြီး ရေဘေးနဲ့ မြေပြိုမှုဘေးရင်ဆိုင်နေရပါတယ်။ လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာရေဘေးကြုံတွေ့နေပြီးလောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ လက်ရှိမှာရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပါတယ်။ကယ်ဆယ်ရေး အကူအညီတွေ အရေး ပေါ်လိုအပ်နေတယ်လို့ဒေသခံတွေ ပြောပါတယ်။

တနင်္သာရီတိုင်းမှာတ​ရက်တည်း၂၈၀ မီလီမီတာအထိစံချိန်တင်မိုးရွာသွန်းခဲ့မှုကြောင့် လောင်းလုံးမြို့နယ်မှာနေအိမ် ၈၀ ကျော် မြေပြိုနစ်မြုပ်ပြီး ပြည်သူ ၃ ဦး​သေဆုံးကာ ပျောက်ဆုံး​နေသူ ၁၂ ဦးကျော်ရှိ​နေသလိုဒေသခံ ၅၆၀ ကျော်​ရေ​ဘေးယာယီခိုလှုံနေရပါတယ်။သရက်ချောင်းမြို့နယ်မှာလည်းပြည်သူ ၁၈,၀၀၀ ကျော် ရေဘေးသင့်​နေပါတယ်။

ရေဘေးသင့်ပြည်သူများထံအမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး၀န်ကြီးဌာန(MoSLHA)ကအရေးပေါ် စားနပ်ရိက္ခာအထောက်အပံ့အဖြစ်ကျပ်သိန်း ၆၀ နဲ့ညီမျှတဲ့ ထိုင်းဘတ်ငွေ ၄၅,၀၀၀ ကို ကနဦး ထောက်ပံ့ထားပြီး မြေပြင်အချက်အလက်များ ဆက်လက်ရယူကာ ထောက်ပံ့သွားမယ်လို့ထုတ်ပြန်ထားပါတယ်။

လေဖိအားနည်းရပ်ဝန်းဟာမြန်မာနိုင်ငံတောင်ပိုင်းကမ်းရိုးတန်းအနီးနဲ့ ကပ္ပလီပင်လယ်ပြင်ဘက်မှာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဆင့်ရောက်ရှိလာပါတယ်။ မုန်တိုင်းငယ်ဟာ ဒီနေ့ စက်တင်ဘာ ၂၈ ရက် ညနေပိုင်းမှာရန်ကုန်နဲ့ ကျိုက်ထိုမြို့ကြားကနေ ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ပြီး ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ အနီးပတ်ဝန်း

ကျင်မှာမိုးဆက်ကြီးနိုင်လို့ သတိပြုနေထိုင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ညပိုင်းမှာ မွန်ပြည်နယ်အတွင်း မိုးကြီးပြီး လေပြင်းတိုက်ခတ်​မှုကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိနေတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းက ဘုရားကျောင်း တစ်ခုမှာရှိတဲ့ မိကျောင်းကြီးတစ်ကောင် ရေကြီးလာချိန် လွတ်သွားမှာစိုးလို့ တာဝန်ရှိသူတွေက နေရာရွှေ့ပြောင်းပေးထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

စက်တင်ဘာ လလယ်ကစလို့ ထိုင်းနိုင်ငံ အနှံ့မှာ ရေကြီးမှုတွေနဲ့ ဆက်စပ် သေဆုံးသူ ၈ ဦးထိ ရှိလာကြောင်း သိရပါတယ်။

သတင်း

မြန်မာနိုင်ငံတောင်ပိုင်း ၊ တနင်္သာရီတိုင်း ၊ ထားဝယ်ဒေသတဝှမ်းမှာ မိုးကြီးပြီးနောက်ရေကြီးရေလျှံမှုတွေနဲ့ တောင်ပြိုမှုတွေဖြစ်ပွားနေပြီး ဒီနေ့ (စက်တင်ဘာလ ၂၈ ရက်)အထိ သေဆုံးသူဦးရေဟာ ၁၃ ဦးအထိရှိလာပြီလို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ရေကြီးနေတဲ့ လမ်းမကြီးတစ်ခုမှာ ရေပေါ်လျှပ်ပြေးဆိုင်ကယ် (ဂျက်စကီး) လျှောက်စီးနေတဲ့ အမျိုးသား အဖမ်းခံလိုက်ရပါတယ်။

Facebook