Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမှာရေဘေးကူညီနေတဲ့လူမှုကယ်ဆယ်ရေးအဖွဲ့ကို စစ်တပ်ဖမ်းဆီးထားဟု​ဒေသခံ​တွေ​ပြော

ရေဘေးနဲ့မြေပ်ြိမှုဘေးကြုံတွေ့နေတဲ့ လောင်းလုံမြို့နယ်ကျောက်နီမော်ရွာကိုသွားရောက်တဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကိုစစ်တပ်ကဖမ်းဆီးထားတယ်လို့သတင်းရရှိပါတယ်။

(​လောင်းလုံမြို့နယ် ၊​ ကျောက်​နီ​မော်ရွာမှာ စက်တင်ဘာ လကုန်ပိုင်းက​ရေကြီးစဥ်။ဓါတ်ပုံ-​ဒေသခံ )

​အောက်တိုဘာ-၂၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

ရေဘေးနဲ့မြေပ်ြိမှုဘေးကြုံတွေ့နေတဲ့ လောင်းလုံမြို့နယ်ကျောက်နီမော်ရွာကိုသွားရောက်တဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကိုစစ်တပ်ကဖမ်းဆီးထားတယ်လို့သတင်းရရှိပါတယ်။

စက်လှေနဲ့သွားရောက်တဲ့ကူညီကယ်ဆယ်ရေးအဖွဲ့ကိုထားဝယ်မြစ်ဝနဲ့ဆက်စပ်တဲ့နေရာမှာမနက်၁၀နာရီခွဲခန့်ကဖမ်းဆီးသွားတာလို့ လောင်းလုံးမြို့ခံတစ်ဦးကပြောပါတယ်။

“ဖမ်းသွားတာဟုတ်တယ်။ကျွန်မတို့ကစိတ်ပူနေပြီ။ကျောက်နီမော်မှာအကူအညီတွေအရမ်းလိုလို့ သွားကြတာ။အခုဆို တခြားလူမူရေးအဖွဲ့တွေလည်းနောက်ကြောင်းကိုပြန်ခေါက်နေရတယ်”လို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရတဲ့လူမှုရေးအဖွဲ့အမည်နဲ့ အရေအတွက်ကိုလတ်တလောမှာပြောပြလိုခြင်းမရှိသေးဘူးလို့၎င်းကပြောပါတယ်။စစ်ကောင်စီကသရက်ချောင်းမြို့နယ်ထဲမှာလည်းလူမှုကူညီအဖွဲ့တွေကို ဖိအားပေးစစ်ဆေးနေလို့ နောက်ပြန်လှည့်ရတဲ့အဖွဲ့တွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်။လတ်တ​လောမှာ ဖမ်းဆီးခံထားရတဲ့အဖွဲ့နဲ့ ပတ်သက်တဲ့အချက်အလက်အ​သေးစိပ်ကို​တော့မသိရ​သေးပါဘူး။

တနင်္သာရီတိုင်းစစ်ဌာန ၊နည်းဗျူဟာ(၃၃)၊ဗျူဟာမှုးစောဒါးကိုကလည်း “တောကျဲဘက်က​​နေဆင်းပြီးလောင်းလုံမြို့နယ်၊ကျောက်နီ​မော်ဖက်​လှေနဲ့သွားတဲ့ကယ်ဆယ်​ရေးအဖွဲ့ကို​ရေတပ်စစ်သ​​​ဘော်မှပစ်ခတ်ပြီးကယ်ဆယ်​ရေးအဖွဲ့ကိုဖမ်းဆီးထားတယ် .2.9.2026 ။ 11:00 am”လို့ လူမှုကွန်ရက်မှာရေးထားထားပါတယ်။

တနင်္သာရီတိုင်းအတွင်းထိုင်းနိုင်ငံဖက်ကလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်မိုးကြီးပြီး စက်တင်ဘာလ၂၆ရက်နေ့ကစတင်ကာဘေးကြုံတွေ့ခဲ့တာပါ။လောင်းလုံးနဲ့သရက်ချောင်းမြို့ဟာရေဘေးနဲ့မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပါတယ်။တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့်ထားဝယ်ဒေသတစ်ခုလုံးမှာစုစုပေါင်း

၃၂ ဦးသေဆုံးကြောင်းအတည်ပြုထားနိုင်ပြီးလူနေအိမ်နဲ့ဘာသာရေးအဆောက်အဦးတွေအပါအဝင်အဆောက်အဦးပေါင်း(၃၀၀)ဝန်းကျင်၊ငါးဖမ်းလှေအစီးရေ (၅၀)ဝန်းကျင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။အပျက်အစီးစာရင်းဆက်လက်တိုးလာနိုင်ပြီးဒေသခံတွေအတွက်အကူအညီတွေလိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိရေဘေးကြုံတဲ့ဒေသတွေဟာ စစ်ကောင်စီက မြို့ပေါ်တွေကိုသာထိန်းချုပ်ထားနိုင်ပြီးပတ်ဝန်းကျင်ကျေးရွာတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။

ရေဘေးနဲ့ မြေပ်ြိမှု ဘေးကြုံတွေ့နေတဲ့ ဒေသတွေကို စစ်‌ကောင်စီတပ်တွေကပြည်သူအသွင်ယူပြီး စိမ့်ဝင်နေတဲ့အတွက်ကယ်ဆယ်ရေးအဖွဲ့အစည်းတွေအနေနဲ့ အလံဖြူထောင်သွားလာခြင်းမပြုကြဖို့ တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃)က အောက်တိုဘာလ ၁ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အတွင်းရှိ ဘေးသင့်ဒေသတွေဆီ အနယ်နယ် အရပ်ရပ်မှ ပရဟိတအဖွဲ့တွေ လူမှုကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ထောက်ပံ့မှုပြု

လုပ်ပေးနေတဲ့ ပြည်သူ့အဖွဲ့အစည်းတွေက ကုန်းလမ်း၊ ရေလမ်းနဲ့ ဝင်ရောက်ကူညီစောင့်ရှောက်ပေးနေကြောင်းနဲ့ လာရောက်တဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အလံဖြူထောင်ပြီးသွားလာကြဖို့စစ်ကောင်စီကဖိအားပေးထားပြီးပြည်သူအသွင်ယူစိမ့်ဝင်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်ရှိဒေသတွင်းလုံခြုံရေးအခြေအနေတွေကြောင့်ဘေးသင့်ပြည်သူတွေကိုကူညီကယ်ဆယ်ရေးမှာအခက်အခဲတွေကြုံတွေ့နေတယ်လို့ လူမှုကူညီ ရေးအဖွဲ့အချို့ကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာဖက်ကသဖန်းဆိပ်ဆည်ရေလွှတ်လို့ ထိုင်းဖက်ခြမ်းမှာရေကြီးမှာမဟုတ်ဘူးလို့ ထိုင်းမိုးလေဝဌာန(TMD)ကရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။

သတင်း

လေကြောင်းတိုက်ခိုက်မှု ဆက်လုပ်လို့ သံဃာနဲ့ စစ်ရှောင်အပါအဝင် ပြည်သူသေဆုံးထိခိုက်မှုများရှိဟု AA ထုတ်ပြန်

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ထုတ်ပြန်ခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူများ၊ မိသားစုဝင်များနဲ့အတူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။

သတင်း

ရေဘေးနဲ့ ‌မြေပြိုဘေးကြုံနေတဲ့ ထားဝယ်မြို့နယ်မှာ စစ်တပ်က လူငယ်တွေ ပစ်မှတ်ထားပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးနေသလို ဒီ‌နေ့ အောက်တိုဘာ ၂ရက်မှာလည်း မြို့အဝင်၊ကမြောကင်းတံတားဂိတ်မှာ လူငယ် ၂ဦးကို ဖမ်းဆီးထားတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

Facebook