Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆိုင်းဘုတ်တွေ စိုက်ထူ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက အဝေးပြေးလမ်းမကြီးတွေပေါ်မှာ သပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့အသံနဲ့ ပြည်သူ့သဘောထားကို ဦးစားပေးရပ်တည်ပေးနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ရုပ်ပုံပါ ဆိုင်းဘုတ်တွေ စိုက်ထူပြီး ဒီကနေ့ (အောက်တိုဘာ ၂) လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - ဝက်လက်လူထုသပိတ်

အောက်တိုဘာ ၂၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက အဝေးပြေးလမ်းမကြီးတွေပေါ်မှာ သပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့အသံနဲ့ ပြည်သူ့သဘောထားကို ဦးစားပေးရပ်တည်ပေးနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ရုပ်ပုံပါ ဆိုင်းဘုတ်တွေ စိုက်ထူပြီး ဒီကနေ့ (အောက်တိုဘာ ၂) လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

မြန်မာပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပြည်သူတို့ရဲ့ အသံကို ကမ္ဘာက သိရှိအောင် ကိုယ်စားပြုဖော်ပြပေးနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ (UN) မှာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရရှိရေးအတွက် ပြည်သူ့ကိုယ်စား ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက စိုက်ထူခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်သူ​တွေရဲ့ အသံကို ကိုယ်စားပြုဖော်ပြနိုင်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးက အရေးကြီးသကဲ့သို့ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရန်အတွက် မြန်မာပြည်သူတွေရဲ့ ထောက်ခံတဲ့ အသံဟာလည်း အလွန်အရေးပါကြောင်း ဝက်လက်သပိတ်က အသိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက မြန်မာပြည်သူတွေရဲ့ အသံကို မတိတ်ဆိတ်စေရေး၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို UN မှာ ဆက်လက် တာဝန်ထမ်းဆောင်ခွင့်ပြုရေး၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ဆန္ဒကို လေးစားလိုက်နာပေးရေးနဲ့ “ဦးကျော်မိုးထွန်းသည်သာလျှင် ငါတို့၏ တရားဝင် သံအမတ်ဖြစ်သည်၊ ငါတို့ သံအမတ် – ငါတို့ အသံ” ဟု ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်ရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုအကြောင်း ကုလသမဂ္ဂအဆင့်မြင့်အစည်းအဝေးမှာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘို၊ ပုလဲနဲ့ ဝက်လက်မြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အားပေးထောက်ခံတဲ့ လှုပ်ရှားမှုတွေကိုဒီကနေ့ (စက်တင်ဘာ ၂၇) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာ သပိတ်အင်အားစုဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေက ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်ရှိစေရေးအတွက် ထောက်ခံပွဲကို ဒီကနေ့ (စက်တင်ဘာ ၂၅) ပြုလုပ်ခဲ့ကြပါတယ်။

Facebook