Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ်မီးရှို့၍ နတ်ချောင်းရွာ မီးရှိန်ပြင်းနေ၊ နေအိမ်၁၀လုံးထက်မနည်း မီးလောင်

“ဘုန်ကြီးကျောင်းမှာ နေရစ်ခဲ့တဲ့ သက်ကြီးရွယ်အို၊ လူငယ် ၊မိန်းမသားတွေရဲ့ ဖုန်းတွေကို စကစက အကုန်သိမ်းထားတယ်”ဟု ၎င်းက ဆိုသည်။

▪️စစ်ရှောင်များ၏ ဖုန်းမျာကို စစ်​ကောင်စီသိမ်းထားဟုဆို

ကလေးမြို့နယ်ရှိ နတ်ချောင်းရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့(ဒီဇင်ဘာ၂၇) ညပိုင်း၌ ထပ်မံမီးရှို့ခဲ့ရာ ည ၁၀နာရီခန့်ထိ မီးလောင်နေဆဲဖြစ်ကြောင်း နတ်ချောင်းရွာခံတစ်ဦးက ပြောသည်။

“အိမ် ၁၀အိမ်လောက် ခန့်မှန်းခြေမီးထဲပါ။ လူအသေအပျောက်တော့မကြားရသေးဘူး။ မီးရှိန်ပြင်းနေတုန်းပါ” ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာ ၂၂ရက်မှစ၍ နတ်ချောင်းရွာသို့ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ ယခင်နေ့များကလည်း ကျေးရွာရှိ နေအိမ် ငါးလုံးထက်မနည်းကို မီးရှို့ခဲ့သည်။

Public Service Announcement

Public Service Announcement

ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခဲ့၍ ငါးဦးထက်မနည်း ဖမ်းခံထားရပြီး ၁၁ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟုဆိုသည်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှင့်လည်း တိုက်ပွဲဖြစ်ပွားနေရာ ယနေ့ ညနေပိုင်းတွင် စစ်ရဟတ်ယာဉ်သုံးစင်းဖြင့် နှစ်ကြိမ်လာရောက်ကာ လက်နက်နှင့် အင်အား ပို့ဆောင်သွားသည်ဟု ဒေသခံက ပြောသည်။ ထို့နောက် ယနေ့ညတွင် ရွာကို ထပ်မံမီးရှို့နေခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

ထို့ပြင် စစ်ရှောင်နေသူများ၏ တယ်လီဖုန်းများကိုလည်း စစ်ကောင်စီတပ်က သိမ်းဆည်းထားသည်ဟု နတ်ချောင်းရွာခံက ပြောသည်။

“ဘုန်ကြီးကျောင်းမှာ နေရစ်ခဲ့တဲ့ သက်ကြီးရွယ်အို၊ လူငယ် ၊မိန်းမသားတွေရဲ့ ဖုန်းတွေကို စကစက အကုန်သိမ်းထားတယ်”ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။