Connect with us

Hi, what are you looking for?

သတင်း

အထည်ချုပ်လုပ်ငန်းတွေ ဆက်တိုက်ထွက်ခွာ၊ လုပ်သား တစ်သောင်းနီးပါး အလုပ်လက်မဲ့ဖြစ်ဖို့ရှိနေ

အထည်ချုပ်လုပ်ငန်းတွေ ဆက်တိုက်ထွက်ခွာနေပြီး အထည်ချူပ်အလုပ်သမား တစ်သောင်းနီးပါးဟာ အလုပ်အကိုင်ဆုံးရှုံးဖို့ရှိနေတယ်လို့ မြန်မာနိုင်ငံစက်မှုလက်မှုနဲ့၀န်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ် သမားသမဂ္ဂအဖွဲ့ချုပ် (MICS-TUsF)က ထုတ်ပြန်ပါတယ်။

(၂၀၂၆ စက်တင်ဘာလပိုင်းက ထန်းတပင်မြို့နယ်ရှိ ခေတ္တရပ်နားမည့် အလုပ်သမား ၂၀၀၀ ရှိတဲ့ သိုးမွေးစက်ရုံ Teng Hui Myanmar က လုပ်သားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)

အောက်တိုဘာ-၁၉၊၂၀၂၆။ဇော်၀င်း/People’s Spring

အထည်ချုပ်လုပ်ငန်းတွေ ဆက်တိုက်ထွက်ခွာနေပြီး အထည်ချူပ်အလုပ်သမား တစ်သောင်းနီးပါးဟာ အလုပ်အကိုင်ဆုံးရှုံးဖို့ရှိနေတယ်လို့ မြန်မာနိုင်ငံစက်မှုလက်မှုနဲ့၀န်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ် သမားသမဂ္ဂအဖွဲ့ချုပ် (MICS-TUsF)က ထုတ်ပြန်ပါတယ်။

ပြည်ပက အမှာစာ(အော်ဒါ)မရမှုတွေကြောင့်တချို့ အထည်ချုပ်စက်ရုံတွေက လုပ်သားလျှော့ချမှုတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

“တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ စက်ရုံပိတ်သိမ်းမှုတွေ ဖြစ်စေဖို့အတွက် ကူညီဆောင်ရွက်ပေးနေတယ်”လို့ MICS-TUsF တာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

MICS-TUsF ရဲ့စာရင်းတွေအရ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုံ(၄)က အလုပ်သမား ၁,၀၀၀ ဝန်းကျင်ရှိသော အထည်ချုပ်စက်ရုံ၊လှိုင်သာယာစက်မှုဇုန် ပုသိမ်ဝန်ထောက်ဦးမြဲလမ်းနဲ့ ပြင်စည်မင်းသားကြီးလမ်းထောင့်က ၀န်ထမ်း ၁,၀၀၀ နီးပါးရှိတဲ့စက်ရုံနဲ့ ရန်ကုန်ပြည်လမ်းမကြီးပေါ်က မှော်ဘီမြို့နယ်က အလုပ်သမားဦးရေ ၅၀၀၀ ကျော် အလုပ်လုပ်ကိုင်လျက်ရှိတဲ့ အထည်ချုပ်စက်ရုံတွေက အခု အောက်တိုဘာအတွင်း ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မင်္ဂလာဒုံစက်မှုဇုန်က အလုပ်သမား ၁၀၀၀ ဝန်းကျင်ရှိ အထည်ချုပ်စက်ရုံကလည်း အပြီးပိတ်သိမ်းတော့မယ့် သတင်းတွေကြောင့် အထည်ချုပ်အလုပ်သမားစုစုပေါင်း တစ်သောင်း နီးပါးက အလုပ်အကိုင်အခွင့်လမ်းဆုံးရှုံးဖွယ်ရှိနေတယ်လို့ အသိပေးပါတယ်။

“ဘရန်းအပ်ထည်တွေ လျော့လာတာကြောင့်ပါ”လို့ အခုလ ၂၁ ရက်နေ့မှာ ပိတ်သိမ်းတော့ Sunrise (Myanmar) အထည်ချုပ်၀န်ထမ်းတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

အထည်ချုပ်စက်ရုံနဲ့ပတ်သက်တဲ့ လုပ်ငန်းတစ်ခုကို ရှာဖွေနေဆဲ ဖြစ်ပြီး အလုပ်အကိုင်မရပါက ပြည်ပထွက် အလုပ်လုပ်ကိုင်ဖို့ စိတ်ကူးထားတယ်လို့သူက ဆက်ပြောပါတယ်။

လွန်ခဲ့တဲ့ ၄လခန့်ကလည်း H&M အ၀တ်အထည်တွေချုပ်နေရတဲ့ ရွှေပြည်သာမြို့နယ်က King Rich Fishion အထည်ချုပ်စက်ရုံဟာလည်း အော်ဒါမရတော့တာကြောင့် ပိတ်သိမ်းခဲ့ရပါတယ်။

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုကို အာဏာသိမ်း စစ်တပ်က အခုနှစ် ဇွန်လမှာ ကန့်သတ်လိုက်ပါတယ်။

ကျွမ်းကျင်အလုပ်သမားရှားပါးမှု၊ အလုပ်အပ်နှံရေး စိန်ခေါ်မှု၊ လျှပ်စစ်မီးရရှိရေး စိန်ခေါ်မှုတွေအပြင် ကုန်ကြမ်းပြတ်တောက်မှုတွေက အထည်ချုပ်လုပ်ငန်းတွေ ရုန်းကန်‌နေရတဲ့ စိန်ခေါ်မှု တွေဖြစ်နေတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောထားပါတယ်။

နှစ်စဉ် ပြည်ပတင်ပို့မှုကနေ ဒေါ်လာ ၄ ဘီလီယံ နဲ့ ၅ ဘီလီယံကြားရရှိတဲ့ အထည်ချုပ်လုပ်ငန်းကနေ ကုန်ကြမ်းပြန်လည်တင်သွင်းမှုအရ ဒေါ်လာ သုံးဘီလီယံ ၀န်ကျင်ရှိတယ်လို့သိရပါတယ်။ဒါပေမယ့် စစ်တပ်က ဒေါ်လာငွေစီးဆင်းမှုထိန်းချုပ်လိုက်တာကြောင့် အထည်ချုပ်နဲ့ပတ်သက်တဲ့ သွင်းကုန်တွေ တင်သွင်းဖို့ အခက်အခဲရှိနေတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးငါးနှစ်အတွင်း အထည်ချုပ်ကဏ္ဍကနေ ထွက်ခွာသွားတဲ့ လုပ်ငန်း ၂၀၀ ကျော်ရှိခဲ့ပြီး ဩဂုတ်လကုန်ထိ ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံတဲ့ အထည်ချုပ်စက်ရုံ ၆၀၇ ခု ရှိပါတယ်။

အထည်ချုပ်လုပ်ငန်းတွေဆက်တိုက်ပိတ်သိမ်းရပ်နားမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကို နွေဦးက ဖုန်းနဲ့ အီးလ်မေးကတဆင့် ဆက်သွယ်မေးမြန်းထားပေမယ့်ပြန်လည်ဖြေကြားတာမရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပကုမ္ပဏီတွေထွက်ခွာသွားတာ၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မလာတော့တာကြောင့် နိုင်ငံခြားငွေရရှိဖို့ ဗိုလ်ချုပ်ကြီးအဆင့်ရှိသူတွေစစ်တပ်ခန့်အပ်ထားတဲ့ ၀န်ကြီးတွေနဲ့ ၂၀၂၂ မှာ FESC ကို ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ပြည်ပ ကုန်သွယ်မှုကနေ ရတဲ့ ဒေါ်လာငွေတွေ နဲ့ ပြည်ပရောက် မြန်မာလုပ် သားတွေ ရဲ့ ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ခဲ့ပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တွေရတဲ့ဒေါ်လာငွေကို ရည်ညွှန်းစျေး(တစ်ဒေါ်လာကို ကျပ် ၂၁၀၀)လဲလှယ်ပြီး ဗဟိုဘဏ်ကို ပြန်အပ်ဖို့ စစ်ကောင်စီက ဖိအားပေးခဲ့ပါတယ်။

ပို့ကုန်ရငွေ ဒေါ်လာ သန်း ၁၀၀ ရှိပါက ၆၅သန်းကို မြန်မာကျပ်ငွေ လဲလှယ်ဖို့ သတ်မှတ်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ ရငွေရဲ့ တစ်ဝက် နဲ့ ၂၀၂၅ မှာ ၂၅ ရာခိုင်နှုန်းနဲ့ အခုနှစ်မှာ ၁၅ ရာခိုင်နှုန်းကို မဖြစ်မနေ ပြန်သွင်းရပါတယ်။

လက်ရှိ ပြည်ပက စက်သုံးဆီ၊ဆေးဝါးနဲ့ ကုန်ချောပစ္စည်းအများစုဟာ အထည်ချုပ်လုပ်ငန်းရဲ့ပို့ကုန်၀င်ငွေကို စစ်တပ်က အသုံးပြုနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုမှာ အလုပ်သမား ၂ဦး သေဆုံးတယ်လို့ ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်တွင်လုပ်ခလစာတိုးတောင်းသည့်ဆန္ဒပြခေါင်းဆောင်းများကို တရုတ်နိုင်ငံသားပိုင်အထည်ချုပ်ကုမ္ပဏီက ရဲခေါ်ဖမ်းဆီးပြီး ၎င်းတို့သတ်မှတ်နှုန်းအတိုင်းယူရန် ဖိအား​ပေး၍လက်ဗွေနှိပ်ခိုင်းခဲ့သည်။

သတင်း

၂၀၂၁ ခုနှစ်မှာအာဏာသိမ်းပြီးတဲ့နောက်စစ်ကောင်စီဟာ အလုပ်သမား သမဂ္ဂတွေကို စနစ်တကျ ဖြိုခွင်းပြီး ခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပါတယ်။ လွတ်လပ်စွာ အသင်းအဖွဲ့ ရပ်တည်ဖွဲ့စည်းခွင့်တွေကိုလည်း တားဆီးခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၏ ပုဒ်မ ၃၃အရ အရေးယူပေးရန် ပြည်တွင်း၊ ပြည်ပရှိ အထည်ချုပ်လုပ်သားများက တောင်းဆိုသည့်ကမ်ပိန်းကို ယနေ့ (ဩဂုတ် ၂၉)ပြုလုပ်ခဲ့သည်။