Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘောလိဝုဒ်မင်းသားတိုက်ဂါးရှာရော့ဖ် လုပ်ကြံခံရပေမယ့်သေဘေးကလွတ်မြောက်

သေနတ်နဲ့ အပစ်ခံခဲ့ရပေမယ့် ဘောလိဝုဒ် ရုပ်ရှင်မင်းသား တိုက်ဂါးရှာရော့ဖ်ဟာ အသက်ဘေးက လွတ်မြောက်ခဲ့ကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဓာတ်ပုံ - Shivsena PR

အောက်တိုဘာ – ၁၉ ၊၂၀၂၆

သေနတ်နဲ့ အပစ်ခံခဲ့ရပေမယ့် ဘောလိဝုဒ် ရုပ်ရှင်မင်းသား တိုက်ဂါးရှာရော့ဖ်ဟာ အသက်ဘေးက လွတ်မြောက်ခဲ့ကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါတယ်။

အသက် ၃၆ နှစ်အရွယ် မင်းသားဟာ အောက်တိုဘာ ၁၈ ရက် ညနေပိုင်းက မွမ်ဘိုင်းမြို့၊ ဂျူဟာ ဆင်ခြေဖုံးရပ်ကွက်ရဲ့ ဘောလုံးကလပ် တစ်ခုကနေ ပြန်လာချိန်မှာ သေနတ်နဲ့ အပစ်ခံရတာပါ။ ရဲတွေက အခုဖြစ်ရပ်ကို ဆက်လက် စုံစမ်းနေပါတယ်။

အိန္ဒိယ သတင်းဌာန တချို့ကတော့ မီးခိုးရောင် BMW ကားတစ်စီးဟာ လူတွေကြားကနေ ခပ်ဖြည်းဖြည်း ဖြတ်မောင်းနေတုန်း အနည်းဆုံး သေနတ်သမား နှစ်ဦးက ကားရှေ့ခန်းကို ပစ္စတိုတွေနဲ့ ပစ်ခတ်ပြီး ထွက်ပြေးသွားတဲ့ ဗီဒီယိုကို ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုဖြစ်ရပ်မှာ ယာဉ်မောင်းက ဒဏ်ရာရသွားခဲ့ပေမယ့် ရှာရော့ဖ်ကိုတော့ ကျည်ဆန် မထိမှန်ခဲ့ဘူးလို့ ဆိုပါတယ်။ ရှာရော့ဖ်ရဲ့ ကားဟာ အနည်းဆုံး သေနတ်နဲ့ ၅ ချက် အပစ်ခံခဲ့ရပါတယ်။

ပစ်ခတ်မှုအပြီးမှာထွက်ပေါ်လာတဲ့ဗီဒီယိုတစ်ခုမှာတော့ င်းသားဟာ ရင်ဘတ်မှာပလာစတာကပ်ထားပြီး ညာဖက်လက်ကိုလည်း ပတ်တီးစည်းထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ ရဲတွေကတော့ ရှာရော့ဖ်က သေနတ်ဒဏ်ရာ ရထားတာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ အိန္ဒိယမှာ လူသိထင်ရှားသူတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ ရှိရင်းစွဲ စိုးရိမ်မှုတွေကို ပိုမိုမြင့်တက်လာစေပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အဲဒီလို တိုက်ခိုက်မှုတွေကြောင့် နာမည်ကျော် ပုဂ္ဂိုလ်တွေ သေဆုံးတာ၊ ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

ဒီလို လုပ်ကြံဖို့ အားထုတ်မှုတွေကို ဘာအကြောင်းနဲ့မှ သည်းခံနေလို့ မရကြောင်း၊ အဲဒီ ရမ်းကားရန်လိုမှုတွေကို အဆုံးသတ်ပစ်ဖို့လိုကြောင်း မွမ်ဘိုင်းမြို့ ဖွဲ့စည်းပါဝင်ရာ မဟာရက်ရှ်ထရာ ပြည်နယ် ဒုတိယ ဝန်ကြီးချုပ် အက်ခ်နက်သ် ရှင်ဒီက ပြောပါတယ်။

ရှင်ဒီဟာ ရှာရော့ဖ်ရဲ့ နေအိမ်ကို သတင်းသွားမေးခဲ့ပြီး မင်းသားရော၊ မိခင်ဖြစ်သူပါ အခုကိစ္စကြောင့် အတော်လေး တုန်လှုပ်နေတယ်လို့ သိရပါတယ်။

ရှာရော့ဖ်ကို သေနတ်နဲ့ ပစ်ခတ်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးသလို ရဲတွေက သံသယရှိသူတွေကို လိုက်လံ ရှာဖွေနေပါတယ်။

၂၀၂၄ ခုနှစ်တုန်းကလည်း အိန္ဒိယ ရဲတွေဟာ ဘောလိဝုဒ်မင်းသား ဆယ်လ်မာခန်းရဲ့ နေအိမ်ကို သေနတ်နဲ့ တိုက်ခိုက်ခဲ့သူ ၂ ဦးကို ဖမ်းဆီးခဲ့ဖူးပါတယ်။ အဲဒီနှစ်မှာပဲ မွမ်ဘိုင်းမှာ အိန္ဒိယ နိုင်ငံရေးသမား ဘာဘာ ဆီဒစ်ဟာ ပစ်ခတ်လုပ်ကြံ ခံရပြီး သေဆုံးခဲ့ပါတယ်။

၂၀၁၄ မှာ အနုပညာ လောကထဲ စတင်ခြေချခဲ့တဲ့ ရှရော့ဖ်ဟာ ဘောလုံး ဝါသနာအိုး တစ်ဦးလည်းဖြစ်ပြီး ဒေသတွင်း ပရော်ဖက်ရှင်နယ် ကလပ်အသင်း တစ်ခုဖြစ်တဲ့ မွမ်ဘေးမှာ ပါဝင်ကစားနေပါတယ်။

ကိုးကား – BBC

ဆက်စပ်သတင်းများ

သတင်း

တပ်ရင်းမှူး ပုလဲမောင်ပစ်ခတ်လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှူးအပါအဝင်ခရိုင်စစ်ဌာန တာဝန်ရှိသူတွေကို တာဝန်မှယာယီရပ်ဆိုင်းထားပြီး အမှုကို စစ်ဆေးနေစဉ်မှာ ယင်းမာပင်ခရိုင်စစ်ဌာနကွပ်ကဲမှု‌အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့တွေကိုစစ်ကိုင်းတိုင်းစစ်ဌာနက တိုက်ရိုက်ကွပ်ကဲသွားမယ်လို့ PDF စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

မနှစ်တုန်းက ရွေးကောက်ပွဲကြို ကာလမှာ အမေရိကန် သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ကို လုပ်ကြံဖို့ အားထုတ်တစ်ခု ဖြစ်ပွားခဲ့ရာမှာ လျှို့ဝှက်အေးဂျင့်တွေက တာဝန်ပျက်ကွက်မှုတွေ အများကြီး ရှိခဲ့တယ်လို့ အမေရိကန် အထက်လွှတ်တော် အစီရင်ခံစာ တစ်စောင်က ဖော်ပြထားပါတယ်။

ဗီဒီယို

လောလောဆယ် ဇီလန်စကီးကို လုပ်ကြံဖို့ ကြိုးစားနေသူတွေဟာ ရုရှားရဲ့ ချေချင်းညာ ဒေသ အကြီးအကဲ ရမ်ဇန် ကာဒီရော့ဗ် လေ့ကျင့်ပေးထားတဲ့ အထူးတပ်ဖွဲ့တွေ၊ သမ္မတ ပူတင်ရဲ့ အနီးကပ် မဟာမိတ် ယက်ဗ်ဂီနီ ပရီဂိုဇင် ပိုင်ဆိုင်တဲ့ ကြေးစား စစ်တပ် တစ်ခုက အဖွဲ့ဝင်တွေ ပါဝင်တယ်လို့...

နိုင်ငံတကာ

ဟေတီမှာ သမ္မတ လုပ်ကြံခံရမှုအပြီး ဝန်ကြီးချုပ် ဟင်နရီ ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဟာ အတော်လေး ယိုင်နဲ့နဲ့ အခြေအနေနဲ့ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေပါတယ်။ အခုဖြစ်ရပ်ကတော့ အစိုးရရဲ့ ပုံရိပ်ကို ပိုပြီးတော့ ထိခိုက် အားနည်းလာစေမယ့် သဘောမျိုး ရှိပါတယ်။