Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမှာ မိန်းက​လေး​တွေကိုအုပ်စုဖွဲ့ အဓမ္မကျူးလွန်တဲ့​စစ်​ကြောင်း အောင်ပန်းကုန်းရွာကို မီးရှို့

နေအိမ်၃၀ခန့် မီးလောင်ပျက်စီးပြီး စစ်​ကြောင်းထနောင်းပင်လဲရွာမှာတပ်စွဲ​နေ

နေအိမ်၃၀ခန့် မီးလောင်ပျက်စီးပြီး စစ်​ကြောင်းထနောင်းပင်လဲရွာမှာတပ်စွဲ​နေ

အောက်တိုဘာ-၁၉၊၂၀၂၆။ကတ်သရင်း/ People’s Spring

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊အောင်ပန်းကုန်းကျေးရွာကို စစ်အုပ်စုက ဝင်ရောက်မီးရှို့သွားတာကြောင့်နေအိမ်အလုံး ၃၀ ခန့်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ထနောင်းပင်လဲရွာကို ပြန်ဝင် ရောက် နေတဲ့စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာလ၁၆ ရက် ၊ညနေပိုင်းမှာ အောင်ပန်းကုန်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်အကြမ်းဖက်ခဲ့တာဖြစ်ပါတယ်။ရွာကို ဝင်ရောက်စီးနင်းခဲ့ပြီးတဲ့ နောက် အောက်တိုဘာလ၁၇ ရက်နေ့ ညပိုင်းမှာ ဒေသခံ ပြည်သူ တွေရဲ့ နေအိမ်တွေ ကိုမီးရှို့ဖျက်ဆီးခဲ့ရာနေအိမ်အလုံး၃၀ ခန့်မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲမရှိပါဘူး။ပစ်ခတ်တွေဘာညာတောင်မရှိခဲ့ဘဲနဲ့ သက်သက်မဲ့ကြီး ပြည်သူ့နေအိမ် တွေကိုမီးရှို့ဖျက်ဆီးသွားတာပါ။စစ်ကြောင်းကလည်း အခုသိပ်ရှင်းတဲ့အခြေအနေမဟုတ် သေးတာမို့ နေအိမ်အသေးစိတ်စာရင်းတော့မရ သေးပါဘူး”လို့ ဒေသခံပြည်သူ တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုဟာရွာကိုမီးရှို့ဖျက်ဆီးပြီး အောက်တိုဘာ၁၈ ရက်နေ့ ညနေပိုင်းမှာ ထနောင်းပင်လဲနဲ့ နွားထိုးကြီးမြို့ဘက်ကို ပြန်ဝင်သွားတာ တွေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဟာအောက်တိုဘာလ ၅ ရက်ကထနောင်းပင်လဲရွာကဒေသခံ အမျိုးသမီး၅ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ စစ်ကြောင်းဖြစ်ပြီး လက်ရှိလည်း ထနောင်းပင်လဲကို တပ်စွဲထားဆဲဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ၃မိုင်ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဘုရားကျောင်းနဲ့ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ဒီကနေ့ အောက်တိုဘာ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကျူးလွန်ခဲ့တဲ့စစ်ကြောင်း နွားထိုးကြီးမြို့တွင်းပြန်ဝင်သွား

သတင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်အတွင်းစစ်​ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းက အသက်မပြည့်သေးတဲ့ စစ်ရှောင်အမျိုးသမီးငယ်တွေအပါအဝင် ၅ဦးကို ဖမ်းဆီးပြီးအုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ဒေသခံ​တွေက​ပြောပါတယ် ။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။