Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ဆီ ဗြိတိန်ချားစ်ဘုရင်က စာအုပ်နှစ်အုပ်ပေးပို့

အာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ ဗြိိတိန်ရဲ့ ခားစ်ဘုရင်ဆီကပေးပို့လာတဲ့စာအုပ်နှစ်အုပ်ကိုလက်ဝယ်သွားရောက်ပေးအပ်ခဲ့တယ်လို့ အာဏာသိမ်းစစ်အုပ်စုကသတင်းထုတ်ပြန်လာပါတယ်။

ဓါတ်ပုံ-စစ်​ကောင်စီ

အောက်တိုဘာ – ၁၉၊၂၀၂၆

အာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ ဗြိိတိန်ရဲ့ ခားစ်ဘုရင်ဆီကပေးပို့လာတဲ့စာအုပ်နှစ်အုပ်ကိုလက်ဝယ်သွားရောက်ပေးအပ်ခဲ့တယ်လို့ အာဏာသိမ်းစစ်အုပ်စုကသတင်းထုတ်ပြန်လာပါတယ်။

ဒီနေ့ (အောက်တိုဘာ ၁၉ ရက်) မနက်ပိုင်းမှာ စစ်အုပ်စုရဲ့ ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူတွေကသွားပေးခဲ့တာလို့ဆိုထားပါတယ်။

အဲဒီသတင်းထုတ်ပြန်ချက်မှာဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံကိုလည်း ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထားတဲ့နေရာကို မဖော်ပြပါဘူး။

Public Service Announcement

Public Service Announcement

ချားစ်ဘုရင်ကပေးပို့လာတဲ့ စာအုပ် ၂ အုပ် ဖြစ်တဲ့ The Land Garderners – Soil to Table ၊ Soil The World at Our Feet နဲ့ အိတ်ပိတ်စာအိတ် ၁ အိတ်၊ သံတမန်အိတ်ပိတ်စာတို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ထံပေးအပ်ခဲ့တယ်လို့ ဆိုထားပါတယ်။

အာဏာသိမ်း​စစ်အုပ်စုရဲ့​ပြော​ရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုး ဆိုသူက သတင်းထုတ်ပြန်ရာမှာ လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ကို ​ဒေါ်စုကြည် လို့ သုံးနှုံး​ဖော်ပြထားပါတယ်။

စစ်အုပ်စုလက်ထဲမှာမတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေတယ်ဆိုတာကိုသက်သေပြပေးဖို့သားဖြစ်သူကိုထိန်လင်းကဦးဆောင်ပြီးတောင်းဆိုလှုပ်ရှားမှုပြုလုပ်လာချိန်မှာပဲအာဏာ သိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ထုတ်ပြလာတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်ကလည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက် တွေ့ဆုံခဲ့တာကို ပုံနဲ့တကွ စစ်အုပ်စုက ထုတ်ပြန်ခဲ့ဖူးပါတယ်။

The Land Gardeners: Soil to Table စာအုပ်ကိုဗြိတိန်နိုင်ငံမှ ဥယျာဉ်ပညာရှင်များဖြစ်ကြတဲ့ Bridget Elworthy နဲ့ Henrietta Courtauld တို့က ရေးသားထားပြီး မြေဆီလွှာကျန်းမာရေး၊ သဘာဝမြေဆွေးပြုလုပ်နည်း၊ အပင်စိုက်ပျိုးထိန်းသိမ်းနည်းနဲ့ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ သီးနှံတွေကို အာဟာရပြည့်ဝတဲ့ အစားအစာတွေအဖြစ် ချက်ပြုတ်နည်းတွေကို ဖော်ပြထားတဲ့စာအုပ်ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ စက်တင်ဘာနဲ့အောက်တိုဘာလအတွင်းမှာ အမေရိကန်၊ဩစတြေးလျ၊ တန်ဇန်နီးယား၊ချက် စတဲ့ နိုင်ငံတွေကို သွားရောက်ခဲ့ပြီး အဲဒီခရီးစဉ်အတွင်းမှာမြန်မာ့အရေးကို မမေ့လျော့ဘဲ ဆက်လက်အာရုံစိုက်ဖို့၊ မြန်မာပြည်သူတွေဘက် ရပ်တည်ပေးဖို့ တိုက်တွန်းခဲ့ကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က အသိပေးထားပါတယ်။

သတင်း

Forum 2000 ရဲ့ ရဲစွမ်းသတ္တိနဲ့တာဝန်ယူမှုဆိုင်ရာနိုင်ငံတကာဆုက မြန်မာပြည်သူတွေ လက်မလျော့သေးဘူးဆိုတာ ကမ္ဘာကိုသတိပေးလိုက်တာလို့ ကင်မ်အဲရစ်ပြော

သတင်း

ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက်မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးနဲ့ စစ်အုပ်စုရဲ့ ပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှုတ်ချဆန့်ကျင်တဲ့ ဆန္ဒပြပွဲ အောက်တိုဘာ ၁၁ ရက် က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန်က တိရစ္ဆာန်ရုံ တစ်ခုထဲမှာ လူကို ကိုက်သတ်ခဲ့တဲ့ ကျားတစ်ကောင်ကို ဖျက်ဆီးပစ်မှာ မဟုတ်ကြောင်း တိရစ္ဆာန်ရုံဖက်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။