Connect with us

Hi, what are you looking for?

သတင်း

စစ်သုံပန်း၁၆ ဦး တာဝန်​ကျေပြီးသစ္စာရှိ၍ ဆန္ဒအလျောက် PDF အဖြစ်တာဝန်ထမ်းဆောင်ခွင့်ပြု

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

(PDF တပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-NUG-MOD)

အောက်တိုဘာ-၁၉၊၂၀၂၆။သတိုး/People’s Spring

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဥပဒေ၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေနဲ့ အညီ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၁၆ ဦးက ပေးအပ်တဲ့ တာဝန်‌တွေ ကိုသစ္စာရှိစွာထမ်းဆောင်တာ ၊ တာဝန်ကျေပွန်တာ ၊ တော်လှန်ရေးတိုက်ပွဲ တွေမှာပါဝင်ပေးဝာာ ၊စစ်ရာဇဝတ်မှုကင်းရှင်း တာတွေအတွက်စစ်သုံ့ပန်းစာရင်းကပယ်ဖျက်ပေးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်သုံပန်းစာရင်းက ပယ်ဖျက်ခံခဲ့ရသူတွေက သူတို့ရဲ့ ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ အဖြစ်ခံယူဖို့ လျှောက်ထားခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ထောက်ခံမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ အဖြစ် ခံယူခွင့် ပြုလိုက်တာလို့ ကာကွယ်ရေးဝန်ကြီးဌာနကအသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၄ ဇူလိုင်လမှ ၂၀၂၆ သြဂုတ်လအထိ ၂ နှစ်​ကျော်အတွင်းစစ်တပ်မှ​သေဆုံးသူ နှစ်​သောင်း​ကျော် ၊ဒဏ်ရာရသူ တစ်​သောင်းခန့်၊ပြည်သူ့ရင်ခွင်ခိုလှုံသူ (အလင်းဝင်သူ) ၃၈၇၄ ဦး ၊စစ်တပ်မှ ထွက်​ပြေးသူ နှစ်​သောင်းခန့်ရှိတယ်လို့ NUG ကာကွယ်​ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ် ။ အများစုဟာ ပစ ​ခေါ် စစ်မှုထမ်းစစ်သားသစ်​တွေလို့ဆိုပါတယ်။ NUG ကာကွယ်​ရေးဝန်ကြီးဌာနကဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၅၃၆ ဦးရှိတယ်လို့လည်း​ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်ကဗျတ္တပန်းဆက်လမ်းပိုင်းတနေရာမှာတပ်စွဲထားတဲ့ စစ်တပ်စခန်းကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ထိခိုက်မှုရှိတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တာဝန်ရှိသူတဦးက ပြောပါတယ်။