Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်း NLD အစိုးရအဖွဲ့ဝန်ကြီးဟောင်းကိုခြေချုပ်ပုဒ်မနဲ့ ထပ်မံတရားစွဲ

စစ်တပ်အာဏာသိမ်းပြီးနောက်မတရားဖမ်းဆီးထောင်ချခံရတဲ့ မန္တလေး တိုင်း NLD အစိုးရအဖွဲ့ဝင်ဝန်ကြီးဦးဇာနည်အောင်ဟာထောင်ဒဏ်စေ့သွားလို့ထောင်ကနေပြန်လွှတ်လာပေမယ့်ခြေချုပ်၊ခံဝန်ဥပဒေနဲ့ထပ်မံတရား စွဲဆိုခံထားရတယ်လို့ တရားရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဓာတ်ပုံ - မန္တလေး NLD

အောက်တိုဘာ – ၃၀၊၂၀၂၆

စစ်တပ်အာဏာသိမ်းပြီးနောက်မတရားဖမ်းဆီးထောင်ချခံရတဲ့ မန္တလေး တိုင်း NLD အစိုးရအဖွဲ့ဝင်ဝန်ကြီးဦးဇာနည်အောင်ဟာထောင်ဒဏ်စေ့သွားလို့ထောင်ကနေပြန်လွှတ်လာပေမယ့်ခြေချုပ်၊ခံဝန်ဥပဒေနဲ့ထပ်မံတရား စွဲဆိုခံထားရတယ်လို့ တရားရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဦးဇာနည်အောင်ကို မဟာအောင်မြေမြို့နယ်တရားရုံးမှာ ဒုရဲမှူးမြင့်ဇော်က တရားလိုပြုလုပ်ပြီး ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) နဲ့ထပ်မံတရားစွဲဆိုထားတာပါ။

ဒီနေ့ (အောက်တိုဘာလ ၃၀ ရက်)မှာတော့ရုံးထုတ်ခဲ့ပြီး တရားလိုပြ သက် သေတွေဖြစ်တဲ့ ရဲ နဲ့ အုပ်ချူပ်ရေးမှုးတစ်ဦးကို စစ်ဆေးခဲ့ကာ လာမယ့် နိုဝင်ဘာလ ၂ ရက်နေ့မှာ သက်သေ သုံး ဦး ထပ်မံစစ်ဆေးမယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဦးဇာနည်အောင်ကိုတရားစွဲထားတဲ့ ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) ဆိုတာက ခြေချုပ် ဒါမှမဟုတ် ခံဝန်ချုပ်နဲ့ ထားဖို့ သတ်မှတ်ထားတဲ့ အထူးဥပဒေ တရပ်ဖြစ်တယ်လို့ တရားရေးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီဥပဒေအရ တစ်နှစ်အတွင်း သတ်မှတ်ထားတဲ့ နေရာမှာ ပဲနေထိုင်ရတာ ၊ ရဲစခန်းဆီ လစဉ်သွားပြီးအကြောင်းကြားရတာတွေလုပ်ဆောင်ရတာပါ။

ဦးဇာနည်အောင်ဟာ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ မန္တလေး တိုင်းအစိုးရအဖွဲ့ရဲ့ လျှပ်စစ်၊စွမ်းအင်နဲ့ဆောက်လုပ်ရေးဝန်ကြီးဖြစ်ပါတယ်။

သူ့ကို အာဏာသိမ်းစစ်တပ်က စစ်အာဏာသိမ်းမှုကိုဆန့်ကျင်အောင် ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ၊ ကိုဗစ်ကာလ အခမ်းအနားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သဘာဝဘေး ပုဒ်မ တွေ အပြင် အဂတိလိုက်စားတယ်ဆိုပြီးစွပ်စွဲကာ ထောင် ရှစ်နှစ်ချခဲ့တာပါ။

ဦးဇာနည်အောင်နည်းတူ မန္တလေးတိုင်း NLD အစိုးရအဖွဲ့ တစ်ဖွဲ့လုံးကိုစစ်တပ်က ဖမ်းဆီးခဲ့တာပါ။

တိုင်းဝန်ကြီးချုပ်ဖြစ်သူဒေါက်တာဇော်မြင့်မောင်နဲ့ တိုင်းလွှတ်တော်ဉက္ကဌ ဦးအောင်ကျော်ဦးတို့ကတော့မတရားဖမ်းဆီးအကျဉ်းချခံရချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှုလုံလုံလောက်လောက်မရတာကြောင့် ထောင်ထဲမှာပဲ ဆုံးပါးခဲ့ရပါတယ်။

ကျန်ဝန်ကြီးတွေကတော့ လွတ်ရက်စေ့လို့ စစ်တပ်က ပြန်လွှတ်ပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက်မတရားဖမ်းဆီးထောင်ချခံရတဲ့ မန္တလေး တိုင်း NLD အစိုးရအဖွဲ့ ဝင်ဝန်ကြီး ဦးဇာနည်အောင် ဟာ ထောင်ဒဏ်စေ့သွားလို့ ဒီနေ့ (အောက်တိုဘာလ ၂၃ ရက်)မှာ မန္တလေး အိုးဘိုထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ NLD ပါတီနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

သတင်း

မန္တလေးတိုင်းအတွင်းက ဘုန်းကြီးကျောင်းတွေမှာ လိုင်စင်မဲ့ယာဉ်တွေ မထားကြဖို့ စစ်တပ်လက်အောက်ခံ တိုင်းသာသနာရေးမှူးရုံးက အသိပေးကြေညာပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ညောင်ပင်တဲကျေးရွာမှာ ညီအကို ၃ ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု၊ ညောင်ပင်တဲရွာကရေကန်မှာမနေ့ ( စက်တင်ဘာလ ၃၀ ရက် )ညနေပိုင်းက လူငယ်အမျိုးသားသုံးဦး ရေနစ်သေဆုံးသွားတယ်လို့ လူမူကူညီရေး လုပ်ကိုင်သူ ဆီကသိရပါတယ်။