Connect with us

Hi, what are you looking for?

သတင်း

မန္တလေးစည်ပင်နဲ့ လဝက အရာရှိလျှောက်ခွင့်ပိတ်ပြီး နီးစပ်ရာခန့်၊ ဦးစီးမှူးရာထူးရဖို့ ကျပ်သိန်း ထောင်ချီပေးရ

မသမာတဲ့နည်းနဲ့ ဝင်ငွေကြမ်းတဲ့ မန္တလေးမြို့စည်ပင်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတွေမှာ စစ်တပ်ခန့်ဝန်ကြီးတွေနဲ့ နီးစပ်သူတွေကို အရာရှိအဖြစ် ခန့်အပ်ပြီး ကျန်သူတွေကို ဦးစီးမှူးရာထူး လျှောက်ထားခွင့်ပိတ်ထားတယ်လို့ ဝန်ထမ်းအသိုင်းဝိုင်းက သိရပါတယ်။

အောက်တိုဘာ-၃၀၊၂၀၂၆။ကတ်သရင်း/People’s Spring

မသမာတဲ့နည်းနဲ့ ဝင်ငွေကြမ်းတဲ့ မန္တလေးမြို့စည်ပင်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတွေမှာ စစ်တပ်ခန့်ဝန်ကြီးတွေနဲ့ နီးစပ်သူတွေကို အရာရှိအဖြစ် ခန့်အပ်ပြီး ကျန်သူတွေကို ဦးစီးမှူးရာထူး လျှောက်ထားခွင့်ပိတ်ထားတယ်လို့ ဝန်ထမ်းအသိုင်းဝိုင်းက သိရပါတယ်။

အာဏာသိမ်းပြီး ပေါ်လာတဲ့ တိုက်ပွဲတွေနောက်မှာ စစ်တပ်က ပြင်းထန်ဒဏ်ရာရ(ဒုက္ခိတဖြစ်သူများမပါဝင်)သူတွေကို အရပ်ဘက်ဌာနတွေ‌‌ကို ပြောင်းရွှေ့ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

‌ဒဏ်ရာရဗိုလ်ကြီးအဆင့်အရာရှိတွေကစပြီး အရပ်ဘက်ပြောင်းရွှေ့ခွင့်ရရှိကာ ဌာန ၃ခုကို ဦးစားပေး လျှောက်ခွင့်ရပေမယ့် မန္တလေးစည်ပင်သာယာရေး ကော်မတီနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက)၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)တို့ကတော့ အရာရှိခေါ်ယူ မှုပိတ်ထားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဒီဌာနတွေက လျှောက်ခွင့်ပါပိတ်ထားတာ။‌‌အပြင်လူဆို လုံးဝမခေါ်ဘူး။စစ်ဘက်ကနေ အရပ်ဘက် ပြောင်းမယ်ဆိုရင်တောင် ဒီဌာနတွေလျှောက်ဖို့ကို ဘယ်သူနဲ့သိလဲလို့ အရင်မေးတာ။ဝန်ကြီးတွေ၊မြို့တော်ဝန်နဲ့ စစ်တပ်ကဆိုလည်း အနိမ့်ဆုံးဗိုလ်မှူးကြီးလောက်သိမှပေးလျှောက်တာ”လို့ ဝန်ထမ်းမိသားစုဝင် တစ်ဦးက ပြောပါတယ်။

ဒီအထဲမှာ ဦးစီးမှူးအဖြစ်အပြင်လူ လုံးဝဝင်ခွင့်မရတဲ့ရုံးတွေဟာ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန(လဝက)တို့ဖြစ်တယ်လို့ သိရပါတယ်။

ဒီအထဲမှာ ကညန က ‌‌အပြင်လူဝင်ခွင့်မရဘဲ တပ်ဘက်က မိုးကျရွှေကိုယ် ဗိုလ်ကြီးအဆင့်၂ဦးကို တစ်နှစ်တစ်ခါ ခေါ်တယ်လို့ သိရပါတယ်။

ဝင်ငွေရပေါက်များတဲ့ အကောက်ခွန်၊စည်ပင်၊ကညန၊လဝကတွေကို ဒီကာလမှာ စစ်တပ်ဘက်က အပြောင်းအရွှေ့ပိုများလာပြီး ဌာနပြောင်းရွှေ့ဖို့ လာဘ်ထိုးရတာဟာ ကျပ်သိန်း ထောင်ဂဏန်းအထိ အနိမ့်ဆုံးရှိတယ်လို့ သိရပါတယ်။

ဒီရက်ပိုင်းမှာပဲ စစ်တပ်က ဗိုလ်မှူးကြီးအဆင့်အပါအဝင် အရာရှိတွေကို အကောက်ခွန်ဘက် ပြောင်းရွေ့ ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ယခင်အရပ်သားအစိုးရ NLD လက်ထက်မှာ မန္တလေးစည်ပင်အရာရှိ စာမေးပွဲကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စာရေးဝန်ထမ်းကစတင်ကာ ဖြေခွင့်ရသလို အပြင်လူ လျှောက်ထားခွင့် ပါကြေညာပြီး စာမေးပွဲကို မြို့‌‌တော်ဝန်ကိုယ်တိုင်စစ် စာတွေ့၊လူတွေ့ စစ်ဆေးခဲ့တာပါ။

စစ်တပ်လက်ထက်မှာ စာမေးပွဲတွေအကုန်ဖြုတ်ပြီး နီးစပ်ရာကို ခန့်အပ်မှုတွေပြုလုပ်နေတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးရှေ့မှာ အမျိုးသားတစ်ဦးကို ဓားနဲ့ သတ်ဖြတ်သွားတဲ့အမှုနဲ့ပတ်သက်ပြီးအမျိုးသားနှစ်ဦးကို အာဏာသိမ်းစစ်တပ်လက် အောက်ခံရဲက ဖမ်းဆီးထားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ လူငယ် ၁ဦးကို လူ ၁၀ ဦးလောက်ပါတဲ့အဖွဲ့က ဓါးတွေနဲ့ဝိုင်းခုတ်ပြီး ဆိုင်ကယ်လုယက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အညာမြို့ကြီးဖြစ်တဲ့ မန္တလေးမြို့ဟာ နဂိုကတည်းကမှ ပူလွန်းတဲ့မြို့ပါ။ အခု အယ်လ်နီညိုကြောင့် အပူပေါ် အပူထပ်ဆင့်နေချိန် အာဏာသိမ်းစစ်ကောင်စီရဲ့ လျှပ်စစ်မီး ဖြတ်တောက်မှုကြောင့် ဘူးလေးရာ ဖရုံဆင့်နေပါပြီ။

သတင်း

ထောင်တွင်းစစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်မှုတွေ တိုးလုပ်နေ