၂၀၂၂ နှစ်နှစ်သစ်ကို Happy New Year လို့ အရင်နှစ်တွေကလို မအော်ကြတော့ဘဲ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကြွေးကြော်သံတွေနဲ့အတူ မြန်မာပြည်သူတွေက ကြိုဆိုခဲ့ကြပါတယ်။
အာဏာသိမ်းခံထားရတဲ့ မြန်မာပြည်သူတွေကတော့ သူတို့ရင်ထဲက ဆန္ဒကို နှစ်သစ်ကူးချိန်မှာ ဟစ်ကြွေးခဲ့ကြတာဖြစ်ပါတယ်။
အရေးတော်ပုံအောင်ရမည် လို့ နှစ်သစ်ကူးဆုတောင်းခဲ့ပြီး တစ်နှစ်စာလုံးနာကျည်းချက်တွေကိုလည်း အာဏာသိမ်းမှုရဲ့ အဓိကတရားခံ မင်းအောင်လှိုင်နာမည်တပ် ဟစ်ကြွေးခဲ့ပါတယ်။