Connect with us

Hi, what are you looking for?

News

ရေဦးမြို့နယ်တွင် ရိက္ခာလာယူသည့် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ထုတ်ပြန်

“အင်တောရွာအတွင်း ရိက္ခာလာယူတဲ့ စစ်ခွေးအဖွဲ့ကို မိုင်းခင်းပြီးကြိုဆိုတာ သုံးကောင်ကို စရိတ်ငြိမ်းပို့နိုင်ခဲ့ပါပြီ။ ဒဏ်ရာရ စစ်ခွေးကောင်ရေများကြောင်း သတင်းရရှိ”ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

(ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များကို တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် ရိက္ခာလာယူသည့် အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၁ရက်) နံနက်ပိုင်းက ရေဦးမြို့နယ် အင်တောရွာအတွင်း ရေဦး ပကဖ/PDF နှင့် တန့်ဆည်(ပကဖ) တို့ ပူးပေါင်း၍ မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“အင်တောရွာအတွင်း ရိက္ခာလာယူတဲ့ စစ်ခွေးအဖွဲ့ကို မိုင်းခင်းပြီးကြိုဆိုတာ သုံးကောင်ကို စရိတ်ငြိမ်းပို့နိုင်ခဲ့ပါပြီ။ ဒဏ်ရာရ စစ်ခွေးကောင်ရေများကြောင်း သတင်းရရှိ”ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

ဒီဇင်ဘာ၃၀ရက် ညပိုင်းကလည်း အင်တောကျေးရွာသို့ စီးနင်းဝင်ရောက်လာသော စစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့လက်အောက်ခံ ပျူစောထီးများနှင့်အတူ ရေဦးမြို့နယ်ရှိ ကျေးရွာများသို့ ဒီဇင်ဘာဒုတိယပတ်ကစ၍ စစ်ကြောင်းထိုးခဲ့သည်။

ထို့ကြောင့် ရေဦးမြို့နယ်မှ ရေမြက်ကျေးရွာမှ အိမ်ခြေ ၃၇ လုံး၊ဆိုင်ကယ်နှင့်ကား အစီး ၃၀ကျော် အပါအဝင် ဒေသခံပြည်သူ ၈ ဦးကို မီးရှို့သတ်ဖြတ် ဖျက်ဆီးခဲ့သည်။

အလားတူ ပေါက်တောကျေးရွာရှိ လူနေအိမ်များကိုလည်း ဖျက်ဆီးခဲ့ပြီး ပြည်သူများ၏ ငွေများနှင့် ပစ္စည်းများကို ခိုးယူခြင်းများ ယခုရက်ပိုင်းအတွင်းပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်