Connect with us

Hi, what are you looking for?

News

ဒီပဲယင်း-စိုင်ပြင် ကားလမ်းဘေးတစ်လျှောက်စစ်ကြောင်းထိုးလာသော စစ်​ကောင်စီတပ်က ရွှေဒါးကန်ကျေးရွာ ​ဒေသခံနှစ်ဦးကို ရက်စက်စွာသတ်ဖြတ်

အဆိုပါ စစ်ကြောင်းသည် ယခုအခါ စိုင်ပြင်မှ ဘုတလင်မြို့နယ်ဘက်သို့ကားလမ်းဘေးတစ်လျှောက် ဆက်လက်ထွက်ခွာနေပြီဟု ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

ဒီပဲယင်း-စိုင်ပြင် ကားလမ်းဘေးတစ်လျှောက်ရှိရွာများကို စစ်ကြောင်းထိုးလာသောအကြမ်းဖက် စစ်​ကောင်စီတပ်သည် ရွှေဒါးကန်ကျေးရွာ ​ဒေသခံပြည်သူနှစ်ဦးကို ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (ဇန်နဝါရီ ၂ ရက်)တွင် ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၉ ရက်မှ ဇန်နဝါရီ ၁ရက်အထိ ဒီပဲယင်း-စိုင်ပြင်ကားလမ်းဘေး တစ်လျှောက်ရှိရွာများကို အကြမ်း ဖက်စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။

“သတ်ခံလိုက်ရတဲ့ရွာသားနှစ်ဦးက သူတို့ စစ်ကြောင်းထိုးတယ်ဆိုတာ သိသိချင်ထွက်ပြေးတာ။မလွတ်တော့ ဖမ်းခံလိုက်ရတယ်။နောက်ပြီး ဓားစာခံအနေနဲ့ လူသားဒိိုင်းလုပ်ပြီး လမ်းတစ်ဝက်မှာ သတ်ခံလိုက်ရတာ”ဟု ဒီပဲယင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ယခုအခါ စိုင်ပြင်မှ ဘုတလင်မြို့နယ်ဘက်သို့ကားလမ်းဘေးတစ်လျှောက် ဆက်လက်ထွက်ခွာနေပြီဟု ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ဒီဇင်ဘာ ၃၀ ရက်က သတိပေးထုတ်ပြန်ခဲ့သော ရွှေဒါးကန်မူးဆုံနှင့် ဒီပဲယင်းနယ်ကြား ပြည်သူများ မဖြတ်သန်းရန်တားမြစ်ချက်ကို ပယ်ဖျက်လိုက်သည်။

သို့သော် ပြည်သူများ၊ ဆိုင်ကယ်များ၊ ၃ ဘီးများနှင့် ကားများ စိုင်ပြင် -ဒီပဲယင်းကြားဖြတ်သန်းပါက သွားလာရန်ရှိသည့်လမ်းကြောင်းတွင် အန္တရာယ်ရှိ ၊မရှိ ကြိုတင်စုံစမ်းပြီးမှသာ သွားလာရမည်ဖြစ်ပြီး ကားများမှာ မှန်တံခါးများချ၍သွားလာရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

ထို့အပြင် ကုန်ကားများနှင့် သုံးဘီးများ မိုးကာအုပ်၍ မသွားရန် နှင့် ညနေ ၆နာရီကျော်လျှင် မဖြတ်သန်းရန်လည်း မေတ္တာရပ်ခံသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်သည်စိုင်ပြင်မှ ဘုတလင်ဖက်သို့ ကားလမ်းဘေးတစ်လျှောက် လယ်ကွင်းများကို ဖြတ်၍ ဆက်လက်စစ်ကြောင်းထိုးနေပြီ ဖြစ်သဖြင့် စိုင်ပြင်နှင့် ဘုတလင်ကြား ကားလမ်းဘေး (၂) မိုင်ဝန်းကျင်မှ ကျေးရွာများ အထူးသတိပြုကြရန်လည်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook