Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၅)နယ်မြေတွင် ပြီးခဲ့သည့်နှစ်အတွင်း တိုက်ပွဲ ၂၇၀၀ နီးပါးဖြစ်၊ စစ်ကောင်စီတပ်မှ ၁၃၀၀ ကျော်သေဟု ထုတ်ပြန်

KNU တပ်မဟာ ခုနစ်ခုရှိသည့်အနက် စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်းတွင် တပ်မဟာ(၁)၊ တပ်မဟာ(၂)၊ တပ်မဟာ(၃)၊ တပ်မဟာ(၄)၊ တပ်မဟာ(၅)နှင့် တပ်မဟာ(၆)နယ်မြေများ၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှုအများဆုံး ဖြစ်သည်။

(ဓာတ်ပုံ - သံလွင်မြစ်ကမ်းရှိ စစ်ကောင်စီတပ်၏ သီးမူထ စခန်းကို KNLA က ၂၀၂၁ မတ်လအတွင်းက တိုက်ခိုက်သိမ်းပိုက်ပြီး​နောက် ​တွေ့ရစဥ်)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်၌ ပြီးခဲ့သည့် တစ်နှစ်အတွင်း တိုက်ပွဲ ၂၇၀၀ နီးပါး ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၃၆၄ဦးသေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန်သည်။

၂၀၂၁ ဇန်နဝါရီမှ ဒီဇင်ဘာထိ တစ်နှစ်အတွင်း စစ်ကေင်စီတပ်နှင့် တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေများကို ထုတ်ပြန်ခဲ့ရာ တိုက်ပွဲပေါင်း ၂၆၉၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်မှ ၁၃၆၄ဦးသေဆုံးပြီး ၁၃၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြ သည်။

စစ်ကောင်စီတပ်မှ သေဆုံးသူများထဲတွင် ဗျူဟာမှူး တစ်ဦး၊ တပ်ရင်းမှူး ၃ဦး၊ တပ်ခွဲမှူး ၁၄ဦး၊ ဒုတပ်ခွဲမှူး ၁ဦး၊ ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး နှင့် ဒုတပ်ကြပ်တစ်ဦး ပါရှိပြီး ဒဏ်ရာရသူများတွင်လည်း တပ်ရင်းမှူး နှင့် ဒုတပ်ရင်းမှူးအပါအဝင် အရာရှိများ ပါဝင်သည်ဟု ဆိုသည်။

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ကား ၄၇ စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်သုံးမြင်း၊လား ၈၀ကောင် ပစ်သတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများတွင် KNU၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၅)မှ တပ်ခွဲမှူးတစ်ဦး၊ ဒုတပ်ခွဲမှူး ၁ဦး၊ ဗိုလ် ၂ဦး၊ တပ်ကြပ်ကြီး၂ဦးနှင့် တပ်ကြပ် ၃ဦး အပါအဝင် ၂၇ ဦး အသက်ပေးဆပ်ခဲ့ရပြီး ၁၀၇ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကြောင့် ပြည်သူ ၁၂ဦး သေဆုံးကာ ၄၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

KNU တပ်မဟာ(၅)နယ်မြေတွင် အာဏာမသိမ်းမီကတည်းက တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဖေဖော်ဝါရီ ၁ရက် မတိုင်မီ ဇန်နဝါရီ ၁ရက်မှ ဒီဇင်ဘာ ၃၁ရက် အထိ တိုက်ပွဲ ၁၂၀ ဖြစ်ခဲ့သည်ဟု ဆိုသည်။ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများ ပိုမိုပြင်းထန်ကာ အရေအတွက် ပိုများလာကြောင်း တပ်မဟာ (၅)၏ ထုတ်ပြန်ချက်၌ တွေ့ရသည်။

KNU တပ်မဟာ(၅)နှင့် စစ်ကောင်စီတပ်များအကြား လအလိုက် တိုက်ပွဲဖြစ်ပွားမှုမှာ ဇန်နဝါရီလတွင် တိုက်ပွဲ ၁၂၀ ကြိမ်၊ဖေဖော်ဝါရီလတွင် တိုက်ပွဲ ၁၈၁ ကြိမ်၊ မတ်လအတွင်း တိုက်ပွဲ ၂၈၄ ကြိမ်၊ ဧပြီလအတွင်း တိုက်ပွဲ ၄၀၆ကြိမ်၊ မေလ၌ တိုက်ပွဲ ၃၆၀ကြိမ်၊ ဇွန်လတွင် ၂၄၆ ကြိမ်၊ ဇူလိုင်လ၌ တိုက်ပွဲ ၁၃၀ ကြိမ်၊ ဩဂုတ်လ၌ တိုက်ပွဲ ၁၈၁ကြိမ် ၊ စက်တင်ဘာလ၌ တိုက်ပွဲ ၂၀၃ ကြိမ်၊ အောက်တိုဘာလ၌ ၂၀၄ကြိမ်၊ နိုဝင်ဘာ လ၌ တိုက်ပွဲ ၁၅၁ကြိမ်၊ ဒီဇင်ဘာလ၌ တိုက်ပွဲ ၂၂၆ကြိမ် ဖြစ်ကြောင်း တပ်မဟာ(၅)က ထုတ်ပြန် သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များ သေဆုံးမှုအခြေအနေမှာ ဇန်နဝါရီတွင် ၅၀ဦးသေ၊ ၅၅ဦးဒဏ်ရာရ၊ ဖေဖော်ဝါရီတွင် စစ်ကောင်စီတပ်မှ ၆၈ဦးသေ၊ ၆၇ဦးဒဏ်ရာရ၊ မတ်လအတွင်း၌ ၉၄ဦးသေ၊ ၈၆ဦးဒဏ်ရာရ၊ ဧပြီတွင် ၁၇၃ဦးသေ၊ ၂၁၉ဦး ဒဏ်ရာရ၊ မေလတွင် ၁၉၆ဦးသေ၊ ၂၃၈ဦးဒဏ်ရာရ၊ ဇွန်လတွင် ၁၃၂ဦးသေ၊ ၁၁၄ ဦးဒဏ်ရာရ၊ ဇူလိုင်လ၌ ၆၅ဦးသေ၊ ၆၄ဦး ဒဏ်ရာရ၊ဩဂုတ်လတွင် ၁၁၈ဦးသေ၊ ၇၀ဦး ဒဏ်ရာရ၊ စက်တင်ဘာတွင် ၁၃၆ဦးသေ၊ ၁၃၄ဦး ဒဏ်ရာရ၊ အောက်တိုဘာတွင် ၉၄ဦးသေ၊ ၉၆ဦးဒဏ်ရာရ ၊ နိုဝင်ဘာတွင် ၁၀၃ဦးသေ၊ ၈၉ ဦးဒဏ်ရာရ၊ ဒီဇင်ဘာတွင် ၁၃၅ဦးသေ၊ ၈၀ဦး ဒဏ်ရာရခဲ့သည်ဟု KNU တပ်မဟာ(၅)က ထုတ်ပြန်ထားသည်။

KNU တပ်မဟာ ခုနစ်ခုရှိသည့်အနက် စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်းတွင် တပ်မဟာ(၁)၊ တပ်မဟာ(၂)၊ တပ်မဟာ(၃)၊ တပ်မဟာ(၄)၊ တပ်မဟာ(၅)နှင့် တပ်မဟာ(၆)နယ်မြေများ၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှုအများဆုံး ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီရဲ့ ပူးတွဲဥက္ကဋ္ဌတွေအဖြစ် ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးအောင်ဆိုင်းလာ တို့ တာဝန်ယူထားတယ်လို့ SCEF ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။