Connect with us

Hi, what are you looking for?

News

KNUနယ်မြေတွင် ဒီဇင်ဘာအတွင်း တိုက်ပွဲ ၃၀၀ကျော်ဖြစ်၊ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး အပါအဝင် ၂၇၀ ဦးနီးပါးသေ

ပစ်ခတ်တိုက်ခိုက်မှု အများဆုံးဖြစ်ပွားခဲ့သော နေရာများမှာ တပ်မဟာ(၅) (မူတြော်ခရိုင်)၊ တပ်မဟာ – ၁ ( ဒူးသထူခရိုင် )၊ တပ်မဟာ – ၃ (ညောင်လေးပင်ခရိုင်) နှင့် တပ်မဟာ – ၆ ( ဒူးပလာယာခရိုင်)စသည်တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေ ထိန်းချုပ်နယ်မြေ၌ ပြီးခဲ့သည့် ဒီဇင်ဘာအတွင်း တိုက်ပွဲ ၃၁၀ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး တစ်ဦးအပါအဝင် ၂၆၇ဦး သေဆုံးကာ တပ်ရင်းမှူး နှစ်ဦး အပါအဝင်ဒဏ်ရာရသူ ၁၈၄ဦးရှိသည်ဟု KNU ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်သည်။

အာဏာသိမ်း စစ်ကောင်စီ၏တပ်များနှင့် ၎င်း၏ လက်အောက်ခံတပ်များက စစ်ရေးလှုပ်ရှားမှု၊ နယ်မြေစိုးမိုးမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စဥ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိနေ၍ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နှင့် အာဏာသိမ်း စစ်ကောင်စီတပ်အကြား ပစ်ခတ်မှုများ နေ့စဉ် ဖြစ်ခဲ့သည်ဟု ဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှုပေါင်း၃၁၀ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ တပ်ဘက်မှတပ်ရင်းမှူးတစ်ဦး၊ ဒုတပ်ရင်းမှူး တစ်ဦး၊ တပ်ခွဲမှူး၁၁ဦး၊ ဒုတပ်ခွဲမှူးတစ်ဦး၊ ဆေးမှူး တစ် ဦး ၊ ဗိုလ်တစ်ဦး၊ ဗိုလ်အဆင့်ရှိသူသုံးဦးနှင့် တပ်ကြပ် ကြီးတစ်ဦး အပါအဝင် ၂၆၇ ဦးသေဆုံးကာ တပ်ရင်းမှူး နှစ်ဦး နှင့် တပ်ခွဲမှူးတစ်ဦး အပါအဝင်၁၈၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။ KNU တပ်ဖွဲ့ဝင် ရှစ်ဦး ကျဆုံးခဲ့ပြီး ၁၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှု အများဆုံးဖြစ်ပွားခဲ့သော နေရာများမှာ တပ်မဟာ(၅) (မူတြော်ခရိုင်)၊ တပ်မဟာ – ၁ ( ဒူးသထူခရိုင် )၊ တပ်မဟာ – ၃ (ညောင်လေးပင်ခရိုင်) နှင့် တပ်မဟာ – ၆ ( ဒူးပလာယာခရိုင်)စသည်တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုများ ဖြစ်ပွားတိုင်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်များသည် လက်နက်ကြီး၊ လက်နက်ငယ် တို့ဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်လျက်ရှိ၍ ပြည်သူလူထုများ၏ နေအိမ်နှင့် အိမ်မွေးတိရစ္ဆာန်များ ထိခိုက်ပျက်စီး သေဆုံးမှုများရှိခဲ့ကြောင်း၊ ထိုသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူလူထု ၂၀ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

အာဏာသိမ်း စစ်ကောင်စီတပ်ကလက်နက်ကြီး၊ လက်နက်ငယ်များရမ်းသန်းပစ်ခတ်မှုနှင့် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် ပြည်သူလူထုပေါင်း ၅၀၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟုလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။