Connect with us

Hi, what are you looking for?

News

ယင်းမာပင်ခရိုင်တရားရုံးကို မိုင်းဖြင့် ဖောက်ခွဲတိုက် ခိုက်၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်၍ စစ်​ကောင်စီတပ်သား နှစ်ဦး​သေဟု ထုတ်ပြန်

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်မှ ထိခိုက်ကျဆုံးသူမရှိဘဲ အောင်မြင်စွာဆုတ်ခွာ နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် တရားရုံးကို မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များရောက်ရှိလာ၍ အပြန်အလှန်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့မှ နှစ်ဦးသေဆုံးကြောင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (ဇန်နဝါရီ ၆)တွင် ထုတ်ပြန်သည်။

​ပျောက်ကြား စစ်ရေးလှုပ်ရှားမှုဖြင့် ဇန်နဝါရီ ၅ ရက် ညနေ ၃ နာရီခန့်က ယင်းမာပင် ခရိုင်တရားရုံးအား မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်နှင့် ဆားလင်းကြီး တကိုယ်ဝောာ် သုဘရာဇာတို့ပူးပေါင်း၍ မိုင်းလေးလုံးထောင် ဖောက်ခွဲမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ဦးခန့် ကားဖြင့်ရောက်လာရာ အပြန်အလှန်ပစ်ခတ်၍ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်မှ ထိခိုက်ကျဆုံးသူမရှိဘဲ အောင်မြင်စွာဆုတ်ခွာ နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook