Connect with us

Hi, what are you looking for?

LuduNwayOo

News

ယင်းမာပင်ခရိုင်တရားရုံးကို မိုင်းဖြင့် ဖောက်ခွဲတိုက် ခိုက်၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်၍ စစ်​ကောင်စီတပ်သား နှစ်ဦး​သေဟု ထုတ်ပြန်

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်မှ ထိခိုက်ကျဆုံးသူမရှိဘဲ အောင်မြင်စွာဆုတ်ခွာ နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် တရားရုံးကို မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များရောက်ရှိလာ၍ အပြန်အလှန်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့မှ နှစ်ဦးသေဆုံးကြောင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (ဇန်နဝါရီ ၆)တွင် ထုတ်ပြန်သည်။

​ပျောက်ကြား စစ်ရေးလှုပ်ရှားမှုဖြင့် ဇန်နဝါရီ ၅ ရက် ညနေ ၃ နာရီခန့်က ယင်းမာပင် ခရိုင်တရားရုံးအား မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်နှင့် ဆားလင်းကြီး တကိုယ်ဝောာ် သုဘရာဇာတို့ပူးပေါင်း၍ မိုင်းလေးလုံးထောင် ဖောက်ခွဲမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ဦးခန့် ကားဖြင့်ရောက်လာရာ အပြန်အလှန်ပစ်ခတ်၍ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်မှ ထိခိုက်ကျဆုံးသူမရှိဘဲ အောင်မြင်စွာဆုတ်ခွာ နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။