Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်အရာရှိ အာမခံချက်ဖြင့်ဖွင့်ထား​သော​လောင်းကစားဝိုင်းကို PDFဖမ်းဆီး၊ ၂၆သိန်း​ခန့်သိမ်းဆည်းရ

“ရှေ့လျှောက် စကစ နဲ့ ရဲတွေကို တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်၍ ဖြစ်စေ အထောက်အပံ့ပေး ၊ပေါင်းစားနေတဲ့ကောင်တွေကို အမေးမြန်းမရှိ ရှယ်”ဗျင်း”ပါမယ်။”ဟု ပူးပေါင်းပါဝင်ဖမ်းဆီးခဲ့သည့် Young Force (UG)အဖွဲ့က လည်းပြောကြား အသိပေးသည်။

မကွေးတိုင်း ပခုက္ကူမြို့တွင် စစ်ကောင်စီတပ် အရာရှိ၏ လုံခြုံရေးအာမခံချက်ဖြင့်ပြုလုပ်နေသည်ဟုဆိုသော လောင်းကစားဝိုင်းအား ဒေသတွင်း PDFနှစ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း Earthquake People’s Defence Force အဖွဲ့က သတင်းထုတ်ပြန်သည်။

ပခုက္ကူမြို့ မြို့ရှောင်လမ်းခြံတစ်ခြံအတွင်း၌ စစ်ကောင် စီတပ် အရာရှိ၏ လုံခြုံရေးအာမခံဖြင့် ရဲအစောင့်ထားကာ ပြုလုပ်နေသည့် လောင်းကစားဝိုင်းကို Young Force UGနှင့် Earthquake People`s Defence forceတို့သည်ယမန်နေ့ (ဇန်နဝါရီ ၅ ရက်) ညနေ ၃နာရီခန့်တွင် စီးနင်းဖမ်းဆီးနိင်ခဲ့ပါကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်သည်။

ထိုလောင်းကစားဝိုင်းမှ ကျပ်၂၆သိန်းခန့် သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးအဖွဲ့စည်းတွေအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း၊Earthquakeအဖွဲ့အစည်းသည် ရှေ့ဆက်ပြီး ယခုထက်မက လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ရှေ့လျှောက် စကစ နဲ့ ရဲတွေကို တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်၍ ဖြစ်စေ အထောက်အပံ့ပေး ၊ပေါင်းစားနေတဲ့ကောင်တွေကို အမေးမြန်းမရှိ ရှယ်”ဗျင်း”ပါမယ်။”ဟု ပူးပေါင်းပါဝင်ဖမ်းဆီးခဲ့သည့် Young Force (UG)အဖွဲ့က လည်းပြောကြား အသိပေးသည်။

Public Service Announcement

Public Service Announcement

“ရဲ”ဆိုသူအား အထောက်ထား ခိုင်လုံခြင်း မရှိသော ကြောင့် ရှင်းလင်းမှုမပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်တန်းလာခြင်း၊ ရဲများလုံခြုံရေးယူထားသောသတင်းများကြောင့်ဝင်ရောက် စီးနင်းခြင်းဖြစ်ကြောင်း၊ တိုင်းပြည် ချောက်ထဲ ကျနေချိန်တွင် လောင်းကစားဝိုင်းများ ပြုလုပ်ခြင်းအား လုံးဝလက်ခံ မည်မဟုတ်ကြောင်း၊ ရဲ မှလွဲ၍ ကျန်သောသူများအား ထိခိုက်စေလို​သော ရည်ရွယ်ချက်မရှိကြောင်း Young Force (UG)အဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။