Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီတပ်အရာရှိ အာမခံချက်ဖြင့်ဖွင့်ထား​သော​လောင်းကစားဝိုင်းကို PDFဖမ်းဆီး၊ ၂၆သိန်း​ခန့်သိမ်းဆည်းရ

“ရှေ့လျှောက် စကစ နဲ့ ရဲတွေကို တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်၍ ဖြစ်စေ အထောက်အပံ့ပေး ၊ပေါင်းစားနေတဲ့ကောင်တွေကို အမေးမြန်းမရှိ ရှယ်”ဗျင်း”ပါမယ်။”ဟု ပူးပေါင်းပါဝင်ဖမ်းဆီးခဲ့သည့် Young Force (UG)အဖွဲ့က လည်းပြောကြား အသိပေးသည်။

မကွေးတိုင်း ပခုက္ကူမြို့တွင် စစ်ကောင်စီတပ် အရာရှိ၏ လုံခြုံရေးအာမခံချက်ဖြင့်ပြုလုပ်နေသည်ဟုဆိုသော လောင်းကစားဝိုင်းအား ဒေသတွင်း PDFနှစ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း Earthquake People’s Defence Force အဖွဲ့က သတင်းထုတ်ပြန်သည်။

ပခုက္ကူမြို့ မြို့ရှောင်လမ်းခြံတစ်ခြံအတွင်း၌ စစ်ကောင် စီတပ် အရာရှိ၏ လုံခြုံရေးအာမခံဖြင့် ရဲအစောင့်ထားကာ ပြုလုပ်နေသည့် လောင်းကစားဝိုင်းကို Young Force UGနှင့် Earthquake People`s Defence forceတို့သည်ယမန်နေ့ (ဇန်နဝါရီ ၅ ရက်) ညနေ ၃နာရီခန့်တွင် စီးနင်းဖမ်းဆီးနိင်ခဲ့ပါကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်သည်။

ထိုလောင်းကစားဝိုင်းမှ ကျပ်၂၆သိန်းခန့် သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးအဖွဲ့စည်းတွေအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း၊Earthquakeအဖွဲ့အစည်းသည် ရှေ့ဆက်ပြီး ယခုထက်မက လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ရှေ့လျှောက် စကစ နဲ့ ရဲတွေကို တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်၍ ဖြစ်စေ အထောက်အပံ့ပေး ၊ပေါင်းစားနေတဲ့ကောင်တွေကို အမေးမြန်းမရှိ ရှယ်”ဗျင်း”ပါမယ်။”ဟု ပူးပေါင်းပါဝင်ဖမ်းဆီးခဲ့သည့် Young Force (UG)အဖွဲ့က လည်းပြောကြား အသိပေးသည်။

Public Service Announcement

Public Service Announcement

“ရဲ”ဆိုသူအား အထောက်ထား ခိုင်လုံခြင်း မရှိသော ကြောင့် ရှင်းလင်းမှုမပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်တန်းလာခြင်း၊ ရဲများလုံခြုံရေးယူထားသောသတင်းများကြောင့်ဝင်ရောက် စီးနင်းခြင်းဖြစ်ကြောင်း၊ တိုင်းပြည် ချောက်ထဲ ကျနေချိန်တွင် လောင်းကစားဝိုင်းများ ပြုလုပ်ခြင်းအား လုံးဝလက်ခံ မည်မဟုတ်ကြောင်း၊ ရဲ မှလွဲ၍ ကျန်သောသူများအား ထိခိုက်စေလို​သော ရည်ရွယ်ချက်မရှိကြောင်း Young Force (UG)အဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။