Connect with us

Hi, what are you looking for?

LuduNwayOo

News

ပန်းဆိုးတန်း အကောက်ခွန်ရုံးအနီး ဗုံးနှစ်လုံးဆင့်ပေါက်၊ စစ်ကောင်စီဝင်အချို့ ထိခိုက်နိုင်ဖွယ်ရှိဟုဆို

က​မ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် စစ်​ခေါင်း​ဆောင်မင်း​အောင်လှိုင်နှင့် ​တွေ့ဆုံရန် လာ​ရောက်ချိန် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ ယနေ့ (ဇန်နဝါ ရီ ၇ ရက်) နံနက်ပိုင်းက စစ်ကောင်စီလက်ပါးစေများရှိသည့် နေရာများတွင် ပေါက်ကွဲမှုများ ဖြစ်ခဲ့သည်။

ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနှင့် ကမ်းနားလမ်းအနီး အကောက်ခွန်ဦးစီးဌာနရုံးတွင် ယနေ့(ဇန်နဝါရီ ၇ရက်) နေ့လယ် ၁၂နာရီခန့်က ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြော သည်။

“အကောက်ခွန်ရုံးထောင့်နားက အပင်အောက်မှာ ဗုံးက ပေါက်တာပါ။ စစ်သားတွေ လာစစ်တဲ့အချိန်မှာ နောက်တစ်လုံး ထပ်ပေါက်တဲ့ အသံအကျယ်ကြီး ကြားလိုက်ရတယ်။ ရုံးနားမှာ ရပ်ထားတဲ့ ကားတစ်စီး လေကာမှန်နဲ့ တံခါးတွေထိသွားတယ်။ စစ်သားအချို့လည်း ထိခိုက်နိုင်တယ်။ လမ်းတွေပိတ်ပြီး စစ်နေတော့ ဘယ်သူမှသွားမကြည့်ရဲကြဘူး”ဟု ကျောက်တံတားမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် အကောက်ခွန်ရုံးအနီး ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်းတို့ကို အကြမ်းဖက်စစ်ကောင်စီက လမ်းများပိတ်ဆို့၍ စစ်ဆေး​နေသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ပန်းဆိုးတန်းလမ်းပေါ်ရှိ အလယ်အလတ်အခွန်များရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။

Public Service Announcement

Public Service Announcement

က​မ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် စစ်​ခေါင်း​ဆောင်မင်း​အောင်လှိုင်နှင့် ​တွေ့ဆုံရန် လာ​ရောက်ချိန် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ ယနေ့ (ဇန်နဝါ ရီ ၇ ရက်) နံနက်ပိုင်းက စစ်ကောင်စီလက်ပါးစေများရှိသည့် နေရာများတွင် ပေါက်ကွဲမှုများ ဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။