Connect with us

Hi, what are you looking for?

News

မြို့တွင်းတိုက်ပွဲနှင့် စစ်​ကောင်စီတပ်၏ ပစ်ခတ်မှု​ကြောင့် လွိုင်​ကော်မြို့​ပြည်သူအများအပြား စစ်​ဘေး​ရှောင်​နေရ

“စစ်ဘေးရှောင်တွေအတွက် အရေးပေါ် ရိက္ခာတွေဖြစ်တဲ့ ဆေးဝါးနဲ့စားစရာတွေက အရေးကြီးနေတယ်။နောက်ပြီး ရာသီဥတုကလည်း အရမ်းအေးတဲ့အတွက် စောင်တွေက မရှိမဖြစ်လိုတယ်”ဟု ကရင်နီအသံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကယား(ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့​နေပြည်သူများ စစ်ဘေးတိမ်းရှောင်မှု တိုးလာနေကြောင်း အကူအညီပေးနေသည့်အဖွဲ့များက လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၇ရက်ကစ၍ လွိုင်ကော်မြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်၏ မြို့တွင်းတိုက်ပွဲ​ကြောင့် ဒေသခံများ သေဆုံးသဖြင့် ထွက်ပြေးတိမ်းရှောင်သူများတိုးလာခြင်းဖြစ်သည်။

“ဒီမနက်ထိ ထွက်ပြေးဖို့အတွက် စီစဥ်ပေးနေရတယ်။နောက်ပြီး စစ်တပ်က ရမ်းသမ်းပစ်မှာကြောက်လို့ အလံဖြူတွေလည်း ကားတိုင်းမှာထောင်ပြီးသွားနေရတယ်။ထောင်နဲ့ချီပြီး ပြေးနေရတာ။လောလောဆယ်စာရင်းက ပုံသေမရှိသေးဘူး။စစ်ရှောင်တွေက ထပ်တိုးနေဦးမှာပဲ”ဟု လွိုင်ကော်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယနေ့(ဇန်နဝါရီ ၈ ရက်) နံနက်ပိုင်းအထိ လွိုင်ကော်မြို့ရှိ မိုင်းလုံး၊ရွာတန်းရှည်၊ပန်းကန် နှင့် ဒေါဆန်းဘွန်း ရပ်ကွက်​နေပြည်သူ တစ်ထောင်ကျော်ကို ဘေးလွတ်ရာသို့ ပို့ဆောင်ပေးနေကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်နယ်တွင် စစ်ရှောင်အရေအတွက် ဆက် လက်တိုးမြင့်နေသည့်အတွက် ပြည်တွင်း၊ပြည်ပအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် ဝိုင်းဝန်းကူညီကြရန်လည်း ကရင်နီအဖွဲ့အစည်းများက မေတ္တာရပ်ခံသည်။

“စစ်ဘေးရှောင်တွေအတွက် အရေးပေါ် ရိက္ခာတွေဖြစ်တဲ့ ဆေးဝါးနဲ့စားစရာတွေက အရေးကြီးနေတယ်။နောက်ပြီး ရာသီဥတုကလည်း အရမ်းအေးတဲ့အတွက် စောင်တွေက မရှိမဖြစ်လိုတယ်”ဟု ကရင်နီအသံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်ထိ ကရင်နီဒေသ၌လူဦးရေ နှစ်သိန်းခန့် စစ်ဘေးရှောင်နေရကြောင်းလည်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီက ဆိုသည်။

ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့ပေါ်တွင် နေအိမ်များထိခိုက်သည့်အပြင် အပြစ်မဲ့ပြည်သူ ​ခြောက်ဦး သေဆုံးခဲ့ရသည်။

ထို့အပြင် ပိတ်မိနေသည့် ပြည်သူများကို သွားရောက်ကယ်ဆယ်သည့် KNDF တပ်ဖွဲ့ဝင် ကျောင်းဆရာတစ်ဦးလည်း ကျဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။