Connect with us

Hi, what are you looking for?

News

ဟိုပင်မြို့မှ မူးယစ်ရာဇာ ၁၂ ဦး၊ ခွင့်ပြု​နေ​သောရဲများကို အ​ရေးယူမည်ဟု အမည်နှင့်တကွ ဟိုပင်PDF သတိပေး

မူးယစ်ရာဇာများအား မူးယစ်ဆေးဝါး ရောင်းဝယ်ခွင့် ပြုထားသည့်ဟိုပင်စခန်းမှူး ရဲအုပ်တင်လှိုင်၊နယ်ထိန်း‌မင်းမင်းစိုးဦးစီးသောရဲတပ်ဖွဲ့နှင့် သတင်းပေးများဖြစ်သော ဦးဝင်းဖေ၊တင်ထွန်းမြင့်၊လမင်းမစေတို့ကိုလည်း အရေးယူသွားမည်ဟု သတိပေးထားသည်။

ကချင်ပြည်နယ် ဟိုပင်မြို့နယ်အတွင်းရှိ မူးယစ်ရာဇာ ၁၂ ဦးနှင့် မူးယစ်‌ဆေးရောင်းဝယ်ခွင့်ပြုနေသည့် စခန်းမှုးအပါအဝင် ရဲများ၊ သတင်းပေးများကို ပြင်းပြင်း ထန်ထန်အရေးယူသွားမည်ဟု အမည်နှင့်ရာထူးအသေးစိတ်ကို ဖော်ပြကာ ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
( KPDF-Hopen)က သတိပေးလိုက်သည်။

ဟိုပင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားနေသော မူးယစ်ရာဇာများဖြစ်သည့် ဦးနိုင်ကြီး၊ ဒေါ်ဆွဲ၊ဆီးဆော့၊ ဒေါ်နှင်းရီ၊မနိုင်း၊မငယ် တို့အပါအဝင် မူယစ်ရာဇာ ၁၂ဦးကို ပြင်းပြင်းထန်ထန်အရေးယူမည်ဟု အမည်နှင့်တစ်ကွယမန်နေ့(ဇန်နဝါရီ ၁၀)က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မူးယစ်ရာဇာများအား မူးယစ်ဆေးဝါး ရောင်းဝယ်ခွင့် ပြုထားသည့်ဟိုပင်စခန်းမှူး ရဲအုပ်တင်လှိုင်၊နယ်ထိန်း‌မင်းမင်းစိုးဦးစီးသောရဲတပ်ဖွဲ့နှင့် သတင်းပေးများဖြစ်သော ဦးဝင်းဖေ၊တင်ထွန်းမြင့်၊လမင်းမစေတို့ကိုလည်း အရေးယူသွားမည်ဟု သတိပေးထားသည်။

ထိုအပြင်ဒုရဲမှူးဝင်းကျော်ကျော် ဦးစီးသောမူးယစ်တပ်ဖွဲ့ စု(၃)တို့သည်လည်း မူးယစ်ဆေးဝါးနှင့် အဂတိလိုက်စားနေကြောင်း ပြည်သူများထံမှ တိုင်ကြားချက်ရရှိထားပြီး
မူးယစ်​ဆေးဝါး​ရောင်းဝယ်​ဖောက်ကားမှုကို ထပ်မံမလုပ်ရန်သတိ့​ပေးထားသည်။

Public Service Announcement

Public Service Announcement

” လိုက်နာခြင်းမရှိဘဲ ထပ်မံလုပ်ဆောင်နေပါက လူကြီးမင်းနှင့် လူကြီးမင်းမိသားစု အသက် အိုးအိမ်စည်းစိမ်းများအား အာမ မခံကြောင်းကြိုတင်သတိပေးလိုက်သည်” ဟုလည်းပါရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက အမည်နှင့်တကွ ထုတ်ပြန်သတိပေးထားသူများသည် ‌ကချင်ပြည်နယ်တွင်း မူးယစ်ဆေးဝါး‌လောကတွင် အမှန်တကယ် နာမည်ကြီးများဖြစ်သည်ဟု ဒေသခံများကလည်းပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။